Arc-2.7

1.2K 138 14
                                    

ဟန်မြောင်ဂမ်နဲ့ဂင်ဂျွန်ယောင်းတို့ အတူတူစားလည်းပြီးရော အချိုပွဲတည်းခဲ့ကြတယ်..ဂင်ဂျွန်ယောင်းဟာစားထားတာတွေများနေတဲ့အတွက်ကြောင့် မအီမသာဖြစ်လာခဲ့တယ်...သူမအီမသာဖြစ်နေတာကိုသည်းခံပြီး ဟန်မြောင်ဂမ်နဲ့အတူတူမုန့်ချိုများစားနေခဲ့။ ရှောင်ပိုင်ဟာဂင်ဂျွန်ယောင်းတစ်ခုခုဖြစ်နေတာကို သတိပြုမိတာကြောင့်..

' bossဂင်ဂျွန်ယောင်းတစ်ခုခုဖြစ်နေသလိုပဲ.. '

' အင်း..ငါလည်းသတိထားကြည့်နေတာ.. '

" ဂျွန်ယောင်းမင်းအဆင်ပြေရဲ့လား.."

" ပြေပါတယ်..."

" မင်းအဆင်မပြေပါဘူး ဗိုက်ကိုလည်းခဏခဏကိုင်နေတယ် နှဖူးမှာလည်းချွေးတွေကြီးပဲ မင်းတစ်ခုခုဖြစ်နေပြီ.. အိမ်တော်ထိန်းမြန်မြန်ဆရာဝန်ခေါ်လိုက်တော့..."

" ငါ..အဆင်ပြေ.."
ဂင်ဂျွန်ယောင်းစကားဆုံးအောင်မပြောနိုင်ခင်မှာပဲ မေ့လဲသွားတော့သည်။ ထိုအခါဟန်မြောင်ဂမ်ဟာစိုးရိမ်တကြီးနဲ့..

" ဂျွန်ယောင်း...သတိထားအုန်းလေ..ဂျွန်ယောင်း...ဆရာဝန်ကိုမြန်မြန်ဖုန်းဆက်စမ်း..."
သူပြောရင်း ဂင်ဂျွန်ယောင်းကိုပွေ့ချီကာ သူ့အခန်းထဲခေါ်သွားတော့သည်။ ခဏအကြာဆရာဝန်ရောက်ရှိလာပြီး ဂင်ဂျွန်ယောင်းကိုစစ်ဆေးပေးတော့တယ်..စစ်ဆေးချက်တွေကိုဟန်မြောင်ဂမ်သိလိုက်ရတဲ့အခါ သူ့ကိုယ်သူဒေါသတော်တော်လေးထွက်သွားခဲ့တယ်..

သူ့ကြောင့်ဂင်ဂျွန်ယောင်းဒီလိုဖြစ်သွားတဲ့အတွက်ကြောင့်ပေါ့။ ဆရာဝန်ဟာလုပ်ပေးစရာရှိတာကိုလုပ်ပေးခဲ့ကာ သောက်ဆေးတွေကိုလည်းပေးခဲ့တယ်...ဘယ်အချိန်သောက်ရမလဲဆိုတာရယ် ဘာတွေဂရုစိုက်ပေးရမလဲဆိုတာရယ်ပြောပြီး ထွက်သွားတော့တယ်..အိမ်တော်ထိန်းကိုယ်တိုင်ဆရာဝန်ကိုလိုက်ပို့ခဲ့တယ်..ယခုတော့အခန်းလေးထဲ၌ အိပ်မောကျနေတဲ့ဂင်ဂျွန်ယောင်းရယ်..ဂင်ဂျွန်ယောင်းကိုစောင့်ကြည့်နေတဲ့ ဟန်မြောင်ဂမ်တို့သာရှိတယ်..

လူတစ်ယောက်ကလွဲရင်မည်သူမှမတွေ့ရတဲ့ နတ်သူငယ်လေးရှောင်ပိုင်လေးရှိသည်။ ရှောင်ပိုင်ဟာကိုယ့်ကိုယ်အပြစ်တင်နေတဲ့ သူ့bossရဲ့ပုခုံးကိုပုတ်ရင်း..

villain boss(s-3)Where stories live. Discover now