Arc-2.1

1.8K 153 13
                                    

( ကိုယ်တို့ရဲ့Mc ဟန်မြောင်ဂမ် )

" လူလေး ဒီမှာမင်းအတွက်ဖရဲသီး စားလိုက်အုန်းနော်.."

" ဟုတ်..ကျေးဇူးပါဦးလေး.."

" ရပါတယ်ကွာ ကိုယ့်အိမ်လိုသဘောထားပြီးနေ ဦးလေးလယ်ထဲဆင်းလိုက်အုန်းမယ်.."

" ဦးလေးသတိထားပြီးသွားအုန်း..."

" ဟားဟား..ကောင်းပါပြီကွာ.."

ကောင်ချောလေးတစ်ယောက်ဟာသူ့အရှေ့၌ အသက်၄၀ ကျော်လောက်ရှိလောက်တဲ့ဦးလေးကို လက်ပြနှုတ်ဆက်နေလေသည်။ ထိုဦးလေးကလည်းရယ်မောရင်းထိုနေရာကနေထွက်သွားခဲ့တယ်..ကောင်ချောလေးဟာသူ့အမြင်ကနေထိုဦးလေးပျောက်သွားရော သက်ပျင်းကိုအရှည်ကြီးချလိုက်တော့သည်။ နောက်တော့တစ်စုံတစ်ယောက်ကိုထိုကောင်ချောလေးရှာနေခဲ့တယ်...ထိုအချိန်အသံတစ်သံနဲ့အတူကောင်လေးတစ်ယောက် ထိုကောင်လေးဘေးနားကိုရောက်လာခဲ့တယ်..

ရောက်လာတဲ့ကောင်လေးကိုမြင်တော့မှ..

" ဘယ်တွေရောက်နေတာလည်း ငါဒီရောက်ထဲကမင်းကိုမမြင်ဘူး.."

' ကျွန်တော်ဟိုသစ်ပင်အောက်မှရှိနေတာပါဗျာ..bossတို့စကားပြောတာကိုမနှောက်ယှက်ချင်လို့..'

" ဒါနဲ့ငါပြောလိုက်တာသူမရိပ်မိပါဘူး.."

' မရိပ်မိပါဘူး bossပြောလိုက်တာအဆင်ပြေတယ်..'

" မင်းလက်ကဘယ်ရောက်နေတာလည်း.."
နောက်မှရောက်လာတဲ့တစ်ယောက်ဟာ ခုနကဦးလေးကြီးထားခဲ့တဲ့ ဖရဲသီးစိတ်လေးတစ်စိတ်ကိုယူပြီးပါးစပ်ထဲထည့်ဖို့ပဲရှိသေး..သူ့ကိုမေးလာတဲ့အမေးကြောင့်ဘာမှမပြောပဲ ရယ်ပြတော့တယ်..

' ဟီးဟီး '
ထိုကောင်လေးလည်းသူမနိုင်တဲ့အမူအရာနဲ့ ခေါင်းသာခါနေတော့သည်။ သူလည်းဖရဲသီးစိတ်တစ်ခုကိုယူကာစားပြီး..

" ဒီကိုယ်ကအေးဆေးမယ်ထင်တယ်.."

' ဘယ်ကသာအေးဆေးရမှာလည်းဗျာ bossသာဇာတ်ကြောင်းအပြည့်အစုံနဲ့ bossဝင်တဲ့ကိုယ်ရဲ့အကြောင်းကိုသာ ဖတ်ကြည့်ကြည့်bossသွေးတိုးမှာသေချာတယ်..'

' အဲ့လောက်တောင်လား..'

' သေချာတာပေါ့ bossဝင်တဲ့ကိုယ်ကိုကျွန်တော်ကတော့စောက်ရမ်းသနားတယ်...အတုအယောင်တွေကြားထဲမှာနေနေခဲ့ရတာ..'

villain boss(s-3)Where stories live. Discover now