Arc-7.1

628 52 24
                                    


( အပေါ်ကတစ်ယောက်ကကလေးရဲ့အသက်လေး..ဟီး.. )

" သားရယ်အခန်းထဲကနေထွက်လာပါအုန်း..အမေကိုလည်းထွက်ကြည့်ပါအုန်းသားရယ်..သားအခန်းထဲမှာပဲနေလို့မရဘူးလေ..သားမနေ့ထဲကဘာမှလည်းမစားရသေးဘူး...ထွက်လာပြီးလာစားပါသားရယ်...သားကြိုက်တဲ့ဟင်းတွေအမေပြင်ထားတယ်..."

"....."

" သား..သားထွက်လာပါအုန်းသားဘာဖြစ်တာလည်းအမေ့ကိုပြောလေ ဒီလိုမျိုးအခန်းထဲမှာနေနေတာတော့မဟုတ်သေးဘူးလေ..သားကျေးဇူးပြုပြီးထွက်လာခဲ့ပါ..."

ထိုပြောနေတဲ့အန်တီကြီးဟာသူ့သားဖြစ်သူရဲ့ အခန်းတံခါးရှေ့မှာရပ်ရင်းငိုနေလေသည်။ ပါးစပ်ကလည်းထွက်လာဖို့ပြောနေခဲ့တယ်..ခဏကြာတော့တံခါးဟာပွင့်လာခဲ့ပြီးထိုအန်တီကြီးရဲ့ သားဖြစ်သူထွက်လာခဲ့သည်။ ထိုကောင်လေးရဲ့မျက်လုံးဟာငိုထားလို့ဖောင်းအစ်နေခဲ့။ သူ့အမေကိုလည်းမြင်ရောအမေလို့ခေါ်လိုက်ပြီး ရင်ခွင်ထဲပြေးဝင်လိုက်တယ်.. အန်တီကြီးကတော့သူ့သားကိုအတင်းဖတ်တွယ်ထားလိုက်တယ်..

သူ့သားအဆင်မပြေဖြစ်နေတာကိုမြင်ရတာကြောင့် ဘာမှမမေးပဲငိုခွင့်ပြုလိုက်ပြီး ကျောလေးကိုပုတ်ပေးနေခဲ့တယ်..ကောင်လေးဟာငိုလို့လည်းဝရော..

" အမေတောင်းပန်ပါတယ်စိုးရိမ်ခိုင်းမိတဲ့အတွက်.."

" သားရယ်ဘာတွေတောင်းပန်နေတာလည်း သားအမိအချင်းချင်းဒီစကားတွေမလိုပါဘူး..သားအခုငိုလို့ဝရင်ထမင်းစားကြရအောင်သားဗိုက်ဆာနေတယ်မှတ်လား.."

" ဟုတ်.."

" လာလာအမေသားအတွက်ပြင်ဆင်ထားတယ်.."
သားဖြစ်သူရဲ့လက်ကိုဆွဲပြီးထမင်းစားပွဲခုံဆီသို့ ခေါ်သွားခဲ့တယ်..သားဖြစ်သူစားဖို့အတွက်ဟင်းများကိုထမင်းပန်ကန်ထဲ ထည့်ပေးနေတော့သည်။ သားဖြစ်သူကလည်းသူ့အမေထည့်ပေးသော်ဟင်းများကိုစားနေတော့သည်။

အကုန်စားလည်းပြီးရောသူ့အမေကိုနှုတ်ဆက်ပြီး အခန်းထဲပြန်ဝင်ခဲ့။ အမေဖြစ်သူကလည်းတားမနေပဲအခန်းထဲဝင်ခွင့်ပေးလိုက်သည်။

" ငါ့သားကျောင်းမှာဘာတွေဖြစ်လာလို့ ဒီလောက်တောင်ငိုနေရတာလည်း..တစ်ယောက်ယောက်များအနိုင်ကျင့်လို့များလား..ငါစုံစမ်းကြည့်မှဖြစ်မယ်.."

villain boss(s-3)Where stories live. Discover now