Arc-4.8

906 95 14
                                    

" အား..ကျွတ်ကျွတ်..."
ညည်းသံတစ်သံနဲ့လူတစ်ယောက်အိပ်နေရာကနေ နိုးထလာခဲ့တယ်..ထိုတစ်ယောက်ဟာမျက်လုံးကိုအတင်းဖွင့်ပြီး သူ့ဘေးကိုလှည့်ကြည့်လိုက်တာ လူတစ်ယောက်ကိုတွေ့ပြီးလန့်သွားကာ ထထိုင်လိုက်တယ်..တစ်ဖက်သူကလည်းအိပ်နေရာကနေမနိုးလာသေးပေ။ နိုးလာတဲ့တစ်ယောက်ဟာထိုသူကိုကြည့်လိုက် သူ့ကိုယ်ကိုငုတ်ကြည့်လိုက်နဲ့လုပ်နေတော့တယ်..

နှစ်ယောက်သားဟာအပေါ်ပိုင်းဗလာသာဖြစ်နေခဲ့တယ်..နိုးလာတဲ့ကောင်လေးဟာတကယ်တော့ကျန်းလီခန့်သာဖြစ်သည်။ ကျန်းလီခန့်ကတော့သူဘယ်လိုတွေဖြစ်လာတာလည်းဆိုတာ စဥ်းစားပေမဲ့ခေါင်းထဲဗလာသာဖြစ်နေတာကြောင့် လုံးဝမစဥ်းစားနိုင်ပဲဖြစ်နေခဲ့။

ကျန်းလီခန့်ဟာသူ့ဘေးနားမှာအိပ်ပျော်နေတဲ့ သူကိုကြည့်ကာအကဲခတ်နေတော့သည်။ သူစိမ်းတစ်ယောက်နဲ့အတူတူအိပ်မိနေတဲ့အတွက် သူလန့်နေပေမဲ့မကြိုက်တဲ့စိတ်တော့မရှိ။ သူ့ချစ်သူများဖြစ်နေမလားဆိုပြီး မျက်တောင်မခတ်ပဲလေ့လာနေခဲ့တယ်..ကျန်းလီခန့်ဟာထိုသူကိုသေချာကြည့်လိုက်မှ ဇာတ်လိုက်ကျားဟုန်ချီးနဲ့အနည်းငယ်တူနေကြောင်း သတိပြုမိသွားခဲ့တယ်..

" ဘယ်သူများပါလိမ်မယ်..."

' လူလေ.. '

" လီး.."
ရှောင်ပိုင်ရုတ်တရပ်ပြောလိုက်တဲ့အတွက်ကြောင့် ကျန်းလီခန့်လန့်သွားခဲ့တယ်..

' ဘာတွေလန့်နေတာလည်း..'

' မင်းကလည်းအသံလေးဘာလေးပေးလေကွာ ရုတ်တရပ်ထပြောတော့ဘယ်သူကမလန့်ပဲနေမှာလည်း..ဒါနဲ့သူကဘယ်သူလည်း..'

' ကျွန်တော်လည်းဘယ်လိုသိမှာလည်း bossပဲမနေ့ညက~~~....'

' ငါ..ငါမနေ့ညကဘာတွေသောင်းကျန်းလိုက်တာလည်း...'

' သိချင်ရင်ကြည့်...'

ရှောင်ပိုင်ဟာသူ့အစွမ်းဖြင့် မနေ့ညကသူ့bossလုပ်သမျှကို ပြန်ပြလိုက်တယ်..ကျန်းလီခန့်လည်းသူ့အရှေ့မှာပေါ်လာတဲ့ ပုံရိပ်တွေကိုသေချာစိုက်ကြည့်နေခဲ့တယ်..

မနေ့ညက..

ကျန်းလီခန့်လူတစ်ယောက်နဲ့တိုက်မိပြီး လဲကျသွားမလိုဖြစ်သွားတုန်းက ထိုလူကပဲထိန်းကိုင်ပေးလို့လဲမကျသွားခဲ့ဘူး..နောက်တော့ကျန်းလီခန့်မူးမူးနဲ့ထိုလူရဲ့ ပါးတွေကိုနမ်းနေခဲ့တယ်..

villain boss(s-3)Where stories live. Discover now