Arc-6.7

590 70 19
                                    

မိုကျားဝမ်ဟာအလယ်ကိုရောက်လာတာနဲ့ သူတပ်ထားတဲ့မျက်မှန်ကို အပေါ်တစ်ချက်တင်လိုက်ပြီး.. ဆရာကြီးဆိုသူကိုမျက်နှာချင်းဆိုင်ရပ်လိုက်တယ်..ဆရာကြီးဘက်ကသူတွေတစ်ယောက်ချင်းဆီကို လိုက်ကြည့်လိုက်သည်။ သူတို့ဘာတွေတွေးနေလည်းဆိုတာကိုလည်း မိုကျားဝမ်သိလိုက်သည်။

လက်ထောက်လင်းနဲ့ရှေ့နေနှစ်ယောက်ကတော့ သူတို့ရဲ့မကောင်းကြောင်းပေါ်လာမှာကိုစိုးရိမ်နေကြတယ်..စိတ်ထဲမှာလည်းကမ္ဘာတွေပျက်နေကြတယ်..ဆရာကြီးနောက်လိုက်နှစ်ယောက်ကတော့ သူတို့အကြောင်းမပေါ်သေးတဲ့အတွက် အေးအေးလူလူပင်။ စိတ်ထဲမှာတော့မိုကျားဝမ်ကိုအထင်သေးတဲ့စကားတွေ ပြောနေခဲ့တယ်..ဆရာကြီးဆိုတဲ့သူကလည်းစိတ်တွင်းထဲမှာ မိုကျားဝမ်ကိုဘယ်လိုပညာပြန်ပေးရမလဲဆိုပြီးတွေးတောနေခဲ့တယ်..

မိုကျားဝမ်ဟာထိုအတွေးတွေကိုဖတ်ပြီး သူတို့ဘာတွေဖြစ်နေမှန်းသိလိုက်ရသည်။ သတင်းထောက်တစ်ယောက်ဟာမိုကျားဝမ်ဘာမှမပြောသေးပဲ အခုထိရပ်နေသေးတာကြောင့်စိတ်မရှည်ဖြစ်လာခဲ့တယ်..ဒါကြောင့်...

" မိုကျားဝမ်မင်းပြောလေ..မင်းအခုထလာတာတစ်ခုခုပြောဖို့မဟုတ်ဘူးလား...ဘာလို့မပြောသေးတာလည်း...."

ထိုသတင်းထောက်သမားပြောလိုက်ရော တခြားသတင်းထောက်တွေကလည်းထောက်ခံကာပြောတော့သည်။ ထိုအခါမှမိုကျားဝမ်လည်းသတင်းထောက်တွေဘက်လှည့်ကာ ညာဘက်ဘက်ကိုနှုတ်ခါးနားတိုးလိုက်ပြီး..တိတ်တိတ်နေဆိုတဲ့အမူအရာနဲ့လုပ်ပြလိုက်သည်။ မိုကျားဝမ်ထိုသို့လုပ်ပြလိုက်တာကြောင့် အားလုံးတိတ်သွားခဲ့တယ်..

မိုကျားဝမ်တိတ်သွားတဲ့အတွက်သဘောကျစွာတစ်ချက်ပြုံးလိုက်သည်။ မိုကျားဝမ်အတွက်ကတော့ထိုအပြုံးဟာ အဓိပ္ပာယ်မရှိလှပေမဲ့ကြည့်နေတဲ့သူတွေအတွက်ကတော့ သေစေနိုင်သည်။ ဘာလို့လည်းဆိုတော့မူလမိုကျားဝမ်ဟာအမြဲတမ်းတည်နေတဲ့ သူတစ်ယောက်ဖြစ်တယ်...အရယ်အပြုံးကလည်းနည်းပါးသည်။ ဒါကြောင့်မိုကျားဝမ်ကိုခင်မင်ရင်းနှီးတဲ့သူကရှားသည်။

ယန်ဝင်လာတဲ့နေ့ကစပြီးအမြဲတမ်းသူပြုံးရယ်နေခဲ့တယ်..ပထမနေ့ကဆိုရင် ဝမ်ချီနဲ့ရှန်မုန်ရှီးလည်း တော်တော်လေးငေးမိခဲ့ကြတယ်..ဘာလို့လည်းဆိုတော့ရှောင်ပိုင်အဆင့်မြင့်ပေးလို​က်တဲ့အတွက်ကြောင့် မိုကျားဝမ်ဟာအရင်ကထက်ပိုပြီးချောမောလာတဲ့အပြင် နှစ်လိုဖွယ်ရာလည်းကောင်းလာခဲ့တယ်..ဝမ်ချီနဲ့ရှန်မုန်ရှီးတို့လည်းအရင်ကခဏခဏငေးကြည့်မိနေခဲ့ရတယ်..အခုနေတာအတော်ကြာမှသာအရင်ကလို မငေးကြည့်မိတော့တာဖြစ်သည်။

villain boss(s-3)Where stories live. Discover now