Arc-4.6

924 91 8
                                    

( အပေါ်ကတစ်ယောက်ကတော့ပိုင်မင်ပါ...ဘယ်သူ့ရဲ့ဦးလည်းဆိုတာသိမယ်ထင်တယ်နော်...တခြားသူရဲ့ဦးမဟုတ်ပါဘူးကလေးရဲ့ဦးပါ...ထိုအချိန်မှာပဲကလေးကိုအနောက်ကနေတစ်စုံတစ်ယောက် ဓားနဲ့ထိုးသတ်သွားတော့မယ်...အားလုံးပဲ goodbyeပါကျယ်မနတ်ပြည်သွားပြီးအဆင်လေးတွေနဲ့ ကလိုက်အုန်းမယ်)

ကျောင်းအုပ်ကြီးရုံးခန်းထဲမှာတော့ ကျောင်းအုပ်ကြီးဟာ..

" ဘာကိစ္စမှမရှိတော့ဘူးဆိုရင် ကိုယ့်အခန်းထဲကိုယ်ပြန်ကြတော့..."

ကျောင်းအုပ်ကြီးပြန်ခိုင်းရော အကုန်လုံးဟာနှုတ်ဆက်ပြီးအပြင်ထွက်ဖို့လုပ်တော့တယ်..ကျားဟုန်ချီးနဲ့ယွီဇီရွှင်းတို့ဟာ ကျန်းလီခန့်ဘေးနားကိုလျှောက်သွားကြတယ်..ကျန်းလီခန့်ကတော့သူတို့နှစ်ယောက်ကိုတစ်ချက်ဆီလှည့်ကြည့်လိုက်တယ်..ကျားဟုန်ချီးဟာ..

" အခန်းတူတယ်လေ အတူတူပြန်ကြမယ်..."

" ငါနဲ့ကျတော့သွားတဲ့လမ်းတူတယ်လေ.."

"...."
ကျန်းလီခန့်လည်းနားလည်တဲ့အမူအရာနဲ့ ခေါင်းငြိမ်ပြလိုက်တယ်..နောက်တော့သူကပဲအရှေ့ကနေထွက်သွားခဲ့တယ်..ကျန်တဲ့နှစ်ယောက်ကတော့အနောက်ကနေသာ လိုက်သွားတော့တယ်..ကျောင်းအုပ်ကြီးရုံးခန်းထဲမှာရှိတဲ့တစ်စုံတစ်ယော​က်ကတော့ လက်သီးကိုကျစ်ကျစ်ပါအောင်စုတ်ထားလေသည်။

%%%

ထိုကိစ္စဟာကျောင်းသူကျောင်းသားတွေကြားထဲမှာ နာမည်ကြီးသွားခဲ့။ ကျောင်းသားသစ်လေးရှောင်းဟွေ့ကိုလည်း သိသွားခဲ့ကြတယ်..အနိုင်ကျင့်ခံရတဲ့သူဘက်ကနေမားမားမတ်မတ်ရပ်တည်ပေးလို့လည်း သဘောကျသွားကြတယ်..တစ်ချို့ကတော့သူ့ဘာသာအေးဆေးနေနေတဲ့ ကျန်းလီခန့်ကိုဆွဲထည့်လို့ကြည့်မရဖြစ်သွားခဲ့တယ်...

အခုတလောတော့နည်းနည်းပါးပါးပြောင်းလဲသွားတယ်..ဟိုသုံယောက်ဟာအရင်ကလိုတခြားသူတွေကို အနိုင်မကျင့်ကြတော့ပဲ ယွီဇီရွှင်းသွင်းပေးထားတဲ့အလုပ်မှာလုပ်ခဲ့ကြတယ်..အရင်ကထက်လည်းလိမ်မ္မာလာခဲ့ကြတယ်.. ယွီဇီရွှင်းဟာအမြဲတမ်းကျန်းလီခန့်ဆီကိုလာလာခဲ့တယ်..နေ့ခင်းဒါမှမဟုတ်ကျောင်းပြန်တဲ့အချိန်တွေပေါ့။ ယွီဇီရွှင်းဟာကျန်းလီခန့်နဲ့သူငယ်ချင်းတွေဖြစ်ချင်တာကြောင့် အတင်းကပ်နေတာဆိုရင်လည်းမမှား။

villain boss(s-3)Donde viven las historias. Descúbrelo ahora