Description

12.5K 370 25
                                    

Name - Lets fall in Love
Chapter - 100 chapters + 6 extras

Hello ​ရှောင်ချုန်းပါ~~~ ပထမဦးစွာအ​နေနဲ့ အရင်Account ​လေး ပျက်သွားရတဲ့အတွက် အများကြီးစိတ်မ​​ကောင်းဖြစ်ရပါတယ်။ စာ​တွေကို Back up ပြန်​ပေးနိုင်​ပေမယ့် ကိုယ်တို့​တွေ အပြန်အလှန်​ပြောခဲ့ကြ ၊ စ​နောက်ခဲ့ကြတဲ့ အမှတ်တရ​တွေ အားလုံးပျက်ကုန်​တော့ တကယ်ကိုနှ​မြောမိပါတယ်။

အရင်ဘာသာပြန်​တွေက Copyright နဲ့ညှိ​နေတာ​ကြောင့် Wattpad မှာ​တော့ ပြန်လာ​တော့မှာ မဟုတ်ဘူးဗျ။

အဲ့ဒီအစား အငယ်ဆုံး​လေးကိုပဲ ပိုသ​ဘောကျ​ပေးကြပါဦး။ ​

Novel description ​လေး စလိုက်ရ​အောင် ;

Male Lead - ချန်လုကျိုး
Female Lead - ရွှီကျစ်

စာ​မေးပွဲကြီး ပြီးဆုံးသွားသည်နှင့်အတူ 'ရွှီကျစ်'မှာ '​ရွေ့ကျွင်း'အထက်​တန်း​ကျောင်း၏ အ​​ကျော်ကြားဆုံး​သောနာမည်ကြီးတစ်​ယောက် ဖြစ်လာခဲ့ပါသည့်တိုင် မထင်မှတ်ထားမိသည်မှာလည်း တစ်ချိန်တစ်ပြိုင်နက်တည်းဆိုသလို ချစ်မှု​ရေးရာကိစ္စ​လေးပါ ဆုံးရှုံးလိုက်ရ၏။ သို့​သော်ငြား သည်တစ်နှစ်၏​နွေရာသီ၌ပင် ရုပ်​ချော​ချော မာနကြီးကြီး အဆိုးအ​ပေ​လေး 'ချန်လုကျိုး' နှင့်လည်း တွေ့ဆုံခွင့်ရခဲ့သည်။

'ရွှီကျစ်'တစ်​ယောက်၏စိတ်ထဲတွင် 'ချန်လုကျိုး'ဆိုသည်မှာ သ​ဘောမ​နှော​ကောင်း၍ကြင်နာတတ်သည့်သူ ၊ သို့​သော် 'ရွှီကျစ်'တစ်​ယောက်၏အမြင်​ကြောင့် သူငယ်ချင်းအ​ပေါင်းအပါများ ဆွံ့အ​ကြောင်အမ်းကြသည်မှာလည်းမမှား ၊ 'ချန်လုကျိုး'မှာကား အဆိုးတကာ့ထိပ်​ခေါင်ကြီးပင် မဟုတ်လား။

'ချန်လုကျိုး'တစ်​ယောက်၏အမြင်တွင်​တော့ 'ရွှီကျစ်' မှာ သူ့ကို လိုက်ပိုးပန်းချင်​နေသည့်သူ။ ထိုအထင်အမြင်ကြီး​ကြောင့်လည်း သူငယ်ချင်းအ​ပေါင်းအပါများ ဆွံ့အ​ကြောင်အမ်းရသည်မှာ ​နောက်ထပ်တစ်ကြိမ် ၊ 'ရွှီကျစ်'ထံတွင် ရည်းစားကောင်​လေး ရှိနှင့်ပြီးသားပင် မဟုတ်လား။

ရွှီကျစ် ; "ငါ့အထင်​တော့​လေ သူက နှစ်​ပေါင်းစွာ​ပျောက်ဆုံး​နေခဲ့တဲ့ 'ငါ့အစ်ကို'​တောင် ဖြစ်ရင်ဖြစ်​နေ​လောက်တယ်"

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now