နောက်တစ်နေ့မနက်ခင်း၌ ရွှီကျစ်သည် ဖုယွိချင်နှင့်အတူ ဧည့်ဟောခန်းမကြီး၏နံဘေးရှိ ကော်ဖီဘားလေးတွင်ထိုင်ရင်း ကော်ဖီသောက်နေသည့်အချိန်တွင် ချန်လုကျိုး ချန်သွားခဲ့သည့်စက္ကူနှင်းဆီအား အန်ကယ်ဖုထံသို့ လှမ်းပြလိုက်သည်။
"အန်ကယ်ပဲပြောကြည့်....သူက လက်မှုပညာလေးတွေလုပ်ရတာကို သဘောကျတာလား ဒါမှမဟုတ် သဘောမကျတာလား"
ဖုယွိချင်သည် သစ်ကြားသီးများကို ကိုင်ထားရင်း မျက်လုံးမှိတ်လျက်ဖြင့် စကားဆိုလာ၏။
"မင်းက ဘာဖြစ်လို့ သူ့အကြောင်းကိုလေ့လာချင်နေတာလဲ"
ရွှီကျစ်က မေးဖျားကိုကိုင်ရင်း စားပွဲထက်မှ စက္ကူနှင်းဆီအား အသေအချာစိုက်ကြည့်နေလိုက်၏။
"စိတ်ဝင်စားမိလို့"
ဖုယွိချင် ;
"ဒီဟာကရော အဲ့ဒီကောင်လေးချန်လုကျိုးက မင်းကို ပေးသွားတာလား"
ကျူးယန်ချီမှာ ကလေးပေါက်စတစ်သိုက် ညှင်းပန်းသည့်ဒဏ်ကို တစ်ညလုံးခံလာရပြီးနောက် ကော်ဖီနှစ်ခွက်အား ဆင်းဝယ်သည့်အချိန်တွင် ချန်လုကျိုး၏အမည်အား ဝေဝါးဝါးကြားလိုက်ရခြင်းကြောင့် ဘေးပတ်ဝန်းကျင်သို့ လှမ်းကြည့်မိလိုက်သည်။ မြင်လိုက်ရသည်မှာ ရင်းနှီးနေသည့်ပုံရိပ်နှစ်ခုဖြစ်နေခြင်းကြောင့် အိပ်မှုန်စုံမွှားဖြစ်နေသောအရှိန်များပင် ပြေပျောက်ပြီး လျှပ်တပြက်ကြောင်အမ်းသွားရသည်။
ရွှီကျစ်သည် တစ်ဖက်လူက လက်မှုပညာအား သဘောကျခြင်းရှိမရှိ အတွေးကုန်စဥ်းစားနေမိသည်ဖြစ်ရာ ဖုယွိချင်၏အမေးစကားတစ်ခွန်းကို အာရုံမရဘဲ တဖန်ပြန်၍ပင် မေးလိုက်၏။
"ဒီဟာကြီးက ကြည့်သာကြည့်နေရတာ စက္ကူနှင်းဆီပန်းပုံပေါက်လို့လား"
နောက်ဆုံးတွင် ဖုယွိချင် မျက်လုံးများဖွင့်လာပြီး လှမ်းကြည့်လာလေ၏။ ဘာကြောင့်မှန်းမသိ ၊ အနှီကောင်လေး၏ပစ္စည်းအား မတူမတန်သလိုမြင်မိပြီးနောက်တွင် ;
YOU ARE READING
Lets Fall In Love [ ဘာသာပြန် ]
Romanceလမင်းကြီးဝိုင်းသည်ဖြစ်စေ မဝိုင်းတော့ဘူးဖြစ်စေ ဘာဟာကမှ အရေးမကြီးဘူး ကိုယ်တစ်ယောက်လုံး မင်းဘေးနားမှာရှိနေပေးမယ်~~~~