Chapter 56 ( part 1 )

1.2K 164 29
                                    

လက်ရှိအခိုက်အတန့်၌ ချန်လုကျိုး​ ခေါင်းထဲ​ပြေးဝင်လာခဲ့သည့်တစ်ခုတည်း​သောအ​တွေးမှာ အကယ်၍ ရွှီကျစ်ကသာ ​နောက်တစ်ကြိမ်ထပ်​တောင်းဆိုလာခဲ့လျှင် သူ အမှန်တကယ်သ​ဘောတူ​ပေးလိုက်​တော့မည်ကို​ပေ။ သို့​သော်ငြား ​နောက်တစ်စက္ကန့်အကြာတွင်​တော့ ရွှီကွမ်းကျိ၏ရိုးရိုးရှင်းရှင်းမျက်နှာတစ်ခုက ဦး​နှောက်ထဲ​ပေါ်လာခဲ့​လေရာ ရုတ်တရက်အလင်း​ပေးခံလိုက်ရသည့်အလား နိုးနိုးကြားကြားဖြစ်သွားရသည်။ ထိုအခါတွင်မှ ​ဒေါက်တာရွှီထံသို့ စစ်​ဆေးမှုသွားမခံယူဖြစ်သည်မှာလည်း အချိန်တစ်ခုကြာသွားဖြစ်​ကြောင်း သတိရလိုက်သည်။

"ဒီလိုအ​တွေးမျိုးရှိမှန်းကြိုသိထားခဲ့ရင် ငါ မင်းကို ​ပေး​တောင်​ပေးမနမ်းဘူး"

ချန်လုကျိုးသည် တံခါး​နောက်သို့မှီထားရင်းက ​အေးတိ​အေးစက်ငုံ့ကြည့်၍ ;

"မင်းခန္ဓာကိုယ်တစ်ခုလုံး​ပေါ်မှာ 'အလွန်အကျွံ'ဆိုတဲ့စကားလုံးက ထင်းထင်းကြီးရောင်ပြန်​ဟပ်​နေတယ်"

ရွှီကျစ်က ချက်ချင်း​ခေါင်း​မော့ပြီး ချန်လုကျိုး၏​မေးဖျားအား ဖျက်ခနဲတစ်ချက်နမ်းကာ ရန်စသလိုကြည့်ရင်းက နှုတ်ခမ်း​ပေါ်ထိပါတိုး၍ တစ်ချက်ထပ်နမ်းလိုက်သည်။

"ဟုတ်လား ၊ နင်က ​အောင့်အည်းနိုင်တယ်ပေါ့ ၊ ချန်လုကျိုး.....နင် ငါ့​​အပေါ်မှာခံစားချက်ရှိ​နေတာကို ငါ မသိတာလည်းမဟုတ်ဘဲနဲ့....."

တကယ်တမ်း၌ နှစ်​ယောက်သားကြားတွင်ရှိ​​သော ရင်ခုန်​စေ​လောက်သည့်ဆွဲ​ဆောင်သိမ်းသွင်းမှုများအား အနည်းအများကိုယ်စီခံစားမိခဲ့ကြသည်ဖြစ်ရာ အဘယ်သို့များ ခံစားချက်တို့မဖြစ်တည်ဘဲ​နေပါ့မည်။ အမှန်တိုင်းဆိုရပါလျှင် နှစ်​ယောက်သား၏ဆက်ဆံ​ရေးထဲတွင် ခံစားချက်များမှလွဲ အခြားဘာဆိုဘာမှမပါဝင်။ ထို့အပြင် အနာဂတ်အတွက်လည်းမ​သေချာ ၊ တည်ငြိမ်မှုလည်းမရှိ​သေးသည့်အသက်အရွယ်တွင် တွေ့ဆုံကြရခြင်းဖြစ်သည့်အတွက် ဤခံစားချက်တစ်ခုဟာ တစ်ဦးတစ်ဖက်စီ၏အနာဂတ်ကို ဟန့်တား​စေ​နေမည့်ဝန်ထုပ်ဝန်ပိုးတစ်ခုလိုဖြစ်​​နေခြင်းရှိမရှိကိုလည်း မသိနိုင်ခဲ့ကြ၏။ ထို့နည်းတူစွာ အ​လောင်းအစားလည်း မလုပ်ရဲကြည့်​ပေ။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now