Chapter 31 ( part 1 )

853 127 9
                                    

ရွှီကျစ်က ​အောက်ထပ်သို့​ပြေးဆင်းလာရင်း ချိုက်ယင်းယင်းထံသို့ အဆက်အစပ်မရှိစကားဆိုလိုက်သည်။

"ဒီ​နေရာမှာ ခြင်​တွေအရမ်းများတယ်လို့ နင် မထင်ဘူးလား"

ချိုက်ယင်းယင်းမှာ ​ခြေလှမ်းတို့တုံ့​နှေးသွားခြင်းမရှိဘဲ ​တွေ​ဝေသွားသည့်ဟန်ဖြင့် လှမ်းကြည့်လိုက်၏။

"မထင်မိပါဘူး ၊ ဘယ်နားမှာ ခြင်ရှိလို့လဲ"

ဟုတ်လား.....

အပြင်ဘက်တွင် ရာသီဥတု သိသိသာသာပူအိုက်လျက်ရှိသည်။ လက်ရှိအချိန်၌ ပြိုင်ပွဲအ​ရှိန်က အမြင့်ပိုင်းသို့​ရောက်​နေပြီဖြစ်ရာ ​လေ့ကျင့်​ရေးကွင်းတစ်ပတ်လုံး ဝိုင်းရံထားကြသည့်လူအုပ်ကြီးထံမှ ​အော်ဟစ်အား​ပေးသံများဟာ ပဲ့တင်ထပ်လျက်ပင်ရှိ​၏။ ကင်မရာကိုင်ထားသည့်ဖုန်ကျင့်သည်လည်း လူအုပ်ကြီးထဲတိုး​ဝေ့ရင်း ရိုက်ပုံရိုက်​နေပြီပင်။ အ​ပေါ်ထပ်မှ နှစ်​ယောက်သားဆင်းလာကြသည်ကိုမြင်​တော့ သူ ပြန်တိုးထွက်လာ၏။

"အဖွဲ့​ခေါင်း​ဆောင်က ဘယ်သူမဆိုဝင်ပြိုင်လို့ရတယ်တဲ့ ၊ ကျွန်​တော် သွားစမ်းကြည့်မလားလို့ ၊ မင်း​ရော အတူလိုက်ဦးမလား"

ရွှီကျစ် လက်ခံလိုက်သည် ; ယွမ်ငါး​ထောင်​လေ! ဝင်မပြိုင်ရင် အရူးပဲ!!

"သတ္တိကမိုက်တယ်ဗျာ"

ဖုန်ကျင့်တစ်​ယောက်မှာ စကားနည်းပြီးအ​ကြောက်အလန့်ကင်းသည့် ဤမိန်းက​လေးအား ပို၍ပင်ချီးကျူး​လေးစားလာရ​တော့၏။ စကားဆိုပြီးသည်နှင့် ခပ်လှမ်းလှမ်းဆီမှ​လျှောက်လာ​နေသည့် ချန်လုကျိုးကိုပါ ​တွေ့လိုက်သဖြင့် လှမ်းနှုတ်ဆက်လိုက်သည်။

"အိုင်​ဒေါလ်ကြီး ၊ မင်း​ရော ဝင်ပြိုင်ကြည့်ဦးမလား ၊ ပြိုင်ပွဲဘီး​တွေ​ရော စမ်းကြည့်ဖူးလား"

ချန်လုကျိုးသည် လက်နှစ်ဖက်လုံးအားအိတ်ကပ်ထဲထည့်ရင်း စည်ကား​နေသည့်ပြိုင်ပွဲကွင်းအား လှမ်းကြည့်လိုက်၏။ အကြည့်တစ်ချက်မှမလွှဲပါဘဲနှင့် ရွှီကျစ် ​နံ​ဘေးနားထိ​လျှောက်လာပြီး ​အေးတိ​အေးစက်မျက်နှာထားအတိုင်းပင် စကားဆိုသည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now