Chapter 79 ( part 1 )

1.1K 186 15
                                    

နိုဝင်ဘာလထဲသို့ဝင်လာပြီး နှစ်ဦးသား၏ဆက်ဆံ​ရေးအတည်ပြုပြီးသိပ်မကြာခင်အတွင်းပင် ​ကျောင်းဝန်းတစ်ခွင်လုံး သတင်းပြန့်နှံ့သွားခဲ့သည်။ ​ကောလဟလသတင်း​ပြန့်သည့်နှုန်းဟာ အ​တော်​လေးမြန်မှန်းသိထားသည့်တိုင် ယခု​လောက်အထိမြန်ဆန်​နေခဲ့လိမ့်မည်ဟု ရွှီကျစ် မထင်ထားခဲ့။ ​နေ့လည်ခင်းတစ်ခု ၊ အတန်းတက်​နေသည့်အချိန်တွင် ကျူးယန်ချီက သူမထံသို့ Wechat မက်​ဆေ့နှစ်​စောင်ပို့လာပြီး တစ်ခုမှာ Screenshot ရိုက်ထားသည့်ပုံတစ်ပုံ။

ကျူးယန်ချီ : [ ကျစ်....ကျစ်....ဒီ​နေ့ ​နေ့လည်ခင်းမှာတင် သုံး​ယောက်​မြောက် ၊ ငါတို့အမှတ်​(၁)​ကျောင်းက မိန်းက​လေး​​တွေအားလုံး မင်း ဘယ်အထက်တန်း​ကျောင်းမှာတက်ခဲ့တဲ့အ​ကြောင်း ငါ့ဆီ အသည်းအသန်​ပြေးလာ​မေး​နေကြတယ် ]

ရွှီကျစ် : [ ? ]

ကျူးယန်ချီ : [ ချန်လုကျိုးနဲ့တွဲသွားနိုင်တဲ့ကိစ္စဆိုမှ​တော့ ဒီလိုဖြစ်လာတာ လုံးဝပုံမှန်ပဲ​ ၊ အထက်တန်း​ကျောင်းမှာတုန်းက သူ့ကိုကြိုက်​တဲ့မိန်းက​လေး​တွေမှအများကြီး ၊ အဲ့​ကောင်က ဘယ်သူ့ကိုမှအ​ရေးမလုပ်​တော့ တက္ကသိုလ်ပြီးတဲ့အထိ ဒီ​ကောင် တစ်ကိုယ်တည်းသမားကြီးဖြစ်​နေ​လောက်လိမ့်မယ်လို့ အားလုံးထင်ထားကြတာ​လေ ၊ မထင်ထားသလိုကြီး အထက်တန်း​ကျောင်းပြီးပြီးချင်း ရည်းစားရှိသွားတဲ့အဖြစ်အပျက်က ငါတို့​ကျောင်းကမိန်းက​လေး​တွေရဲ့နှလုံးသားကို ဘယ်​လောက်ထိခိုက်သွား​စေလဲဆိုတာသိလား ၊ ဒါ​ပေမယ့် မင်း စိတ်ချထား.....သူက ငါ့ညီအစ်ကိုဖြစ်တာမလို့ မင်းရဲ့အ​ကြောင်းတွေကို ငါ ​​လျှောက်​ပြောမှာမဟုတ်ဘူး ၊ ​လော​လောဆယ်အားလုံးကို​ပြောပြထားတာ.....မင်းက နတ်သမီးအထက်တန်း​ကျောင်းဆင်းလို့ ၊ အရမ်းအရမ်းကိုလှတယ်လို့ ]

ရွှီကျစ် : [ သူတို့အတန်းထဲကမိန်းက​လေး​တွေ ငါ့ကို ​​တွေ့ဖူးထားတယ်ထင်တယ်နော် ]

ကျူးယန်ချီ : [ မင်းထင်တဲ့အ​နေအထားက ကျဥ်း​နေ​သေးတယ် ၊ အမှတ်(၁)​ကျောင်းမှာ ချန်လုကျိုးကို သူတို့အတန်းထဲကမိန်းက​လေး​တွေ​လောက်ပဲ သိမယ်ထင်​နေလား ၊ ငါတို့အနုပညာ​ကျောင်းဝန်းဘက်က မိန်းက​လေး​တွေအားလုံး ချန်လုကျိုးကို မသိတဲ့လူမရှိ ၊ ဒါ​တောင် သူ Wechat ထဲမှာ ပို့စ်မတင်​သေးလို့ ၊ ပို့စ်တင်လိုက်တဲ့တစ်​နေ့က​တော့ ငါ့ဖုန်း​ပေါက်ကွဲသွား​လောက်မယ့်​နေ့ပဲ ]

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now