Chapter 67

1.1K 211 39
                                    

​​အရင်တစ်ကြိမ် ​လှေကားရင််း၌​ အမှတ်မဲ့တွေ့ဆုံခဲ့ကြသည်မှလွဲလျှင် တကယ်တမ်းတွက်ချက်ကြည့်လိုက်သည့်အခါ နှစ်​ယောက်သား မ​တွေ့ဖြစ်ခဲ့ကြသည်မှာ သုံးလနီးပါးပင်ရှိသွားခဲ့သည်။ 

ဤအချိန်ပမာဏ​လေးဟာ လူတစ်​ယောက် ​ပြောင်းလဲသွား​စေ​သည်အထိ မလုံ​လောက်ပါ​သော်ငြား တစ်ဦးကိုတစ်ဦးလှမ်းကြည့်​နေကြသည့် နှစ်​ယောက်သား၏မျက်ဝန်းများထဲတွင်​တော့ စိမ်းသက်သွားခဲ့သည့်အရိပ်အ​ယောင်တို့နှင့်အတူ တစ်ဖက်သားအား ပြန်လည်ညှို့ယူ​နေသည့်အ​ငွေ့အသက်တို့က အနည်းနှင့်အများဆိုသလိုရေးထင်​နေကြ​တော့သည်။ ချန်လုကျိုး၏ပုံစံမှာ ​ပြောင်းလဲသွားခဲ့သလားဟု​မေးပြန်လျှင်လည်း အ​ဖြေဟာ 'မဟုတ်' ၊ နည်းနည်း​လေးမှမ​ပြောင်းလဲသွားခြင်းလားဟု​တွေးရပြန်လျှင်လည်း 'မဟုတ်'ပါ​ပေ။

သူ၏မျက်ဝန်းများဟာ အရင်လိုတည်တံ့​နေဆဲ ၊ ထိုမျက်ရစ်များနှင့် အကြိမ်များစွာနမ်းရှိုက်ခဲ့ဖူးသည့်နှုတ်ခမ်းတို့ဟာလည်း ယခင်ကအတိုင်းပါးလှပ်ဆဲ။ ဟိုအရင် အနမ်းဖလှယ်ကြသည့်အချိန်တိုင်းတွင် ချန်လုကျိုး၏နှုတ်ခမ်းတို့က အဘယ်​ကြောင့်များ ဤမျှပါးလွ​နေသည့်အ​ကြောင်းကိုပင် ရွှီကျစ် ​တွေးကြည့်မိခဲ့ဖူးသည်။ မျက်ခုံးနှစ်ဖက်သည်လည်း အရင်လိုကြည်လင်​နေဆဲဖြစ်ပြီး ခန္ဓာကိုယ်ထက်မှ​ ​အေးတိ​အေးစက်အ​ငွေ့အသက်များဟာ​တော့ ယခင်ကထက်ပို၍ အား​ကောင်းပြင်းထန်​နေခဲ့သည်မှာ ပင်လယ်ထဲ၌ရက်​ပေါင်းများစွာ တစ်ကိုယ်တည်းရွက်လွှင့်​နေခဲ့သည့်တံငါသည်တစ်ဦးက ​နောက်ဆုံးကမ်းကပ်လာနိုင်ခဲ့သည့်အတိုင်း​ပေ။

သို့​သော မရယ်မပြုံး​နေသည့်အချိန်မျိုးတွင်​တော့ 'လွယ်လွယ်နှင့်သွားရှုပ်၍မရ'ဟူ​သောအရှိန်အဝါများက ရုတ်ချည်းကိုထိုးကြွတက်လာခဲ့သည်။

ကန်တင်းထဲတွင် သွားလာလှုပ်ရှား​နေကြသည့်လူများစွာရှိပါ​သော်လည်း ကန်တင်းဧရိယာကျယ်ဝန်း​သော​ကြောင့် အသံမျိုးစုံ​​ရော​နှော​နေပါသည့်တိုင်​အောင် ခပ်​သေး​သေးအသံများအဖြစ်သာကြား​နေရသည်။ ရွှီကျစ်မှာ အ​တော်အတန်ကြာသည်အထိ သူ့အား စိုက်ကြည့်​နေပြီး ချန်လုကျိုးသည်လည်း အသံတိတ်ဖြင့်လှမ်းကြည့်​နေသည်​​ပေ။ ထိုအကြည့်များမှာ စူးရဲလျက်ရှိသည့်အပြင် ယခင်ထက်ပို၍ ကျူး​ကျော်ချင်းနင်းပိုင်စိုးချင်စိတ်များ​နေ​တော့၏။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now