Chapter 62

972 172 19
                                    

ခုနစ်လပိုင်းကုန်ခါနီးတွင် လျန်​ဟွေ့၏ရိုက်ကူး​ရေးအဖွဲ့က ပြည်ပတစ်နိုင်ငံ၌ အ​လောတလျင်ရိုက်ကူး​ရေးပြု​​နေရသဖြင့် ချန်လုကျိုးသည် ချန်ရှင်းချီကို​ခေါ်၍ အနီးအနားတွင်ရှိသည့်ရိုက်ကူး​ရေးရှုခင်းများထံ သွား​ရောက်လည်ပတ်ဖြစ်ကြ​တော့၏။ ​လေယာဥ်​ပေါ်မှဆင်းကတည်းက သူ အ​အေးမိထားရသည့်အပြင် ​နေမ​ကောင်းသည့်အ​ခြေအ​နေကြီးနှင့်ပင် ချန်ရှင်းချီအတွက် နာရီ​​ပေါင်းများစွာ ဧည့်လမ်းညွှန်လုပ်​ပေး​နေရ​သေးသည်။ နာမည်ကြီးတစ်ဦး ​သေဆုံးထားဖူးသည့်​နေရာအ​ရောက်တွင်​တော့ နံ​ဘေးဆီမှလူများ၏အာရုံသည်ပင် လက်တစ်ဖက်၌ ရာဘာ​ခေါင်းစည်းကြိုးကွင်း​တစ်ခုပတ်ထားသည့်တရုတ်​ကောင်​လေးဆီသို့ မ​နေနိုင်​အောင်စပ်စပ်စုစု​ရောက်လာကြသည်။

ချန်လုကျိုးသည် အနက်​ရောင်အဝတ်အစားကို အ​ထက်​အောက်ဝတ်ဆင်ထားပြီး Logo မတူညီသည့်လျှာထိုးဦးထုပ်အနက်​ရောင်တစ်လုံးကိုလည်း​ဆောင်းထား၏။ သူ့အင်္ကျီအများစုဟာ နာမည်သိပ်မကြီးသည့်တံဆိပ်တစ်ခုတည်းမှသာဖြစ်​သော်ငြား အမှတ်(၁)​ကျောင်းတွင်​တော့ ​ကျောင်းသားတိုင်းလိုလိုဝတ်တတ်ကြသည်။ အ​ကြောင်းမှာလည်း ချန်လုကျိုးဝတ်​လေ့ရှိခြင်း​ကြောင့် လိုက်ဝတ်ကြခြင်း။

နံ​ဘေးတွင်ရှိ​နေ​သောမိန်းက​လေးတစ်ဦးက လှမ်းကြည့်ရုံဖြင့် ချီးမွှန်းစကားဆိုလာ၏။

"​ကောင်​လေးက ​တော်​တော်​ချောတာပဲ​နော် ၊ သူ့ညီ​လေးကိုလည်း ​အရမ်းစိတ်ရှည်တာပဲ"

ချန်ရှင်းချီက စိတ်ဝင်တစားနားစွင့်ရင်း အ​ကျေနပ်ကြီးအကြိုက်​တွေ့​နေ​​ချေ​​တော့၏။ သူ့အစ်ကိုဟာ ဟိုးအရင်ကတည်းက ပုံပြင်​​ပြော​ကောင်းလွန်းသည့်သူတစ်​ယောက်ဖြစ်ပြီး က​လောင်လက်စွမ်းပြလျှင်ပြသ​လောက် တစ်ပါးသူ၏အာရုံကို ညှို့ယူဆွဲ​ဆောင်ထားနိုင်သည့်လူပင်။ ထိုနာမည်ကြီးတစ်ဦးက မည်သူဖြစ်မှန်း​မေးကြည့်မည်အပြုတွင်​တော့ ချန်လုကျိုးသည် လက်နှစ်ဖက်ကိုပိုက်လျက်ဖြင့် သူ့အား ငုံ့ကြည့်လာ၏။

"ရှစ်ရာ ၊ မင်းကို အ​ဖြေ​ပြောပြမယ်"

ချန်ရှင်းချီ ​ပေါက်ကွဲ​တော့၏။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now