Chapter 1

4.5K 209 10
                                    

2016 ခုနှစ် အထက်တန်းစာ​မေးပွဲကြီးပြီးသွားသည်နှင့်အတူ နှစ်ကြိမ်နှစ်ခါတိတိ ဒ​လ​ဟောရွာချလာသည့်မိုး​ရေစက်များမှာ ဦး​ခေါင်းအထက်နှင့်မျက်နှာ​ပေါ်သို့ ဆင်းသက်လျက်ရှိသည်။ သို့​သော် 'ချင့်ယီ'မြို့မှာမူ မီး​တောက်သဖွယ် ပူပြင်းလျက်သာရှိ​နေပြီး အပူရှိန်​ပျောက်ကွယ်သွားဖို့ရာမှာလည်း ​မျှော်လင့်ချက်သိပ်မရှိလှ။

'​ရွေ့ကျွင်း'အထက်တန်း​ကျောင်း၏ အထက်တန်းတတိယနှစ် စာသင်​ဆောင်ဘက်တွင် ယခင်က တစ်ခါမှမ​တွေ့မမြင်ဖူးရဖူးသည့်စည်ကားခြင်းမျိုးဖြင့်သိုက်မြိုက်​နေ​လေပြီး လူတိုင်းမှာ စက္ကူစာရွက်များအား ​အ​ဆောင်​အောက်ဘက်ရှိ ဂျူနီယာညီ​လေးညီမ​လေးများထံသို့ လွှင့်ကျဲချ​ပေး​နေသည့်မြင်ကွင်း ၊ အချို့မှာ အမျိုးသမီးဆရာမ​လေးများကို ​ပြောင်​ပြောင်တင်းတင်းပင် ​လေချွန်ပြသည့်မြင်ကွင်း ၊ သည့်ထက်အပြင် မထုံတတ်​သေးအမူအကျင့်မျိုးများ ပြုလုပ်​နေခြင်း ၊ အချို့မှာ​တော့ ​ကော်ရစ်တာကြမ်းပြင်နှင့်ဂျင်လုံးပစ်​ပေါက်သည့် ကစားနည်းမျိုးပါ ကစား​နေကြ​သေး၏။

"အသက်ကဖြင့် ဘယ်​လောက်ရှိ​နေပြီလဲ....ဒါမျိုး​တွေကစား​နေတုန်း"

'ချွီယိဟွား'မှ ​ကော်ရစ်တာအတိုင်းဖြတ်​လျှောက်သွားသည့်အခိုက်တွင် ​စကားတစ်ခွန်းကိုရောက်တတ်ရာရာပစ်လွှတ်လိုက်ပြီး အတန်းသားတစ်ဦး၏လက်အားဆွဲကာ အထက်တန်းတတိယနှစ်၏ တန်းခွဲ(၈) ဆီသို့ ​ခြေလှမ်းကျဲကျဲဖြင့် သွက်သွက်​လျှောက်လာလိုက်သည်။ အတန်းတံခါးဝသို့​ရောက်သည်နှင့် အနှီ​ယောက်ျား​လေး၏​ကျောပြင်အားပုတ်ကာ စကားဆိုလိုက်သည်။

"သွား...'ရွှီကျစ်'ကို သွား​ခေါ်လာခဲ့"

'ချွီယိဟွား'မှာ တန်းခွဲ(၈)၏အတန်းပိုင်ဆရာဖြစ်ပြီး 'ကျန်း​မေ​မေ၏စစ်မှုထမ်း​ဟောင်း'ဇာတ်ထဲမှ 'ကျန်း​ဖေး'နှင့်ပင် ဆင်တူသလိုလိုရှိသည်။

စာသင်ခန်းထဲတွင် မိန်းက​လေးတို့၏အားကြိုးမာန်တက်စကားသံများ​မှာ ​တက္ကိ​ဗေဒဖြင့် သိပ္ပံ​လောကကို အနိုင်ပိုင်းပစ်​တော့မည့်အလား အ​ဆောင်အဦးကြီးပွင့်ထွက်မတတ် ကျွတ်ကျွတ်ညံ​နေ​၏။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now