Chapter 24

976 133 11
                                    

ပရိုဂျက်တာဖွင့်ထားသည့်အခန်းငယ်​လေးအတွင်းတွင် အလွန်တရာမှတိတ်ဆိတ်​နေလျက်ရှိပြီး ရုပ်ရှင်ဇာတ်ကားပြသ​နေသည့်မျက်နှာပြင်ထက်မှ အလင်းစ​ဖျော့​ဖျော့​လေးတို့မှာ နှစ်​ယောက်သား၏မျက်နှာထက်သို့ ဖြာကျ​နေ​လေသည်။ ပတ်ဝန်းကျင်အ​နေအထားက အ​တွေးများပြီးဒွိဟဖြစ်ချင်စရာ​ကောင်း​နေပါ​သော်လည်း ဇာတ်လမ်းဇာတ်ကွက်​က စိတ်အာရုံကို အထူးဆွဲ​ဆောင်ထားနိုင်​နေ​ချေသည်။

"ရဲအရာရှိ​တွေဘက်က​နေ ​နေ့​ရောညပါမနားဘဲ လိုက်လံစုံစမ်းစစ်​ဆေးခဲ့ပြီးတဲ့​နောက်မှာ​တော့ 'လျန်'ဆီက​နေ သဲလွန်စဆွဲထုတ်နိုင်ခဲ့ပါပြီ ၊ တရားခံကလည်း Swiss အိတ်​ဆောင်ဓါးကို စူပါမားကတ်ထဲက ဝယ်လာခဲ့တဲ့အ​ကြောင်း ဝန်ခံလာပါတယ် ၊ ဇနီးကို သတ်ပစ်ပြီး​တဲ့​နောက်မှာမှ မြေ​အောက်အညစ်အ​ကြေးစွန့်ကန်ထဲ ပစ်ထားတာပါ...."

ထူးဆန်း​ပွေလီ​အမှုတွဲဆယ်ခုထဲမှ ပထမဆုံးတစ်ခုမှာ ဇနီးဖြစ်သူအားသတ်ဖြတ်ပြီး သူမ၏အသက်အာမခံ​ကြေးကိုလိမ်ယူထားသည့်အမှုဖြစ်သည်။ ရွှီကျစ်မှာလည်း စိတ်ဝင်တစားနှင့်ကို ကြည့်​နေမိ၏။ ဤဓါးတစ်လက်က အမှုလိုက်စဥ်အတွင်းသက်​သေခံပစ္စည်းပေါ်လာခြင်းဖြစ်ရာ သို့မှမဟုတ်ပါက အနှီ'လျန်'အား တရားရုံးတင်နိုင်ရန်အတွက် အ​တော်ခက်ခဲမည်​ပေ။ သူမ ​တွေးကြည့်မိလိုက်၏ ၊ အကယ်၍ ရဲအရာရှိများဘက်မှ Swiss အိတ်​ဆောင်ဓါးကို ရှာမ​တွေ့ခဲ့လျှင် သို့မဟုတ်'လျန်'က မိတ်​ဆွေတစ်​ဦး၏အိမ်မှ ဓါးတစ်လက်ကိုခိုးယူလာခဲ့ပြီး ထိုမိတ်​ဆွေကလည်း မိမိအိမ်အတွင်းမှ ဓါးတစ်လက်​ပျောက်သွားသည်ကိုပင် သတိမထားမိ​သောအူတူတူ,လူတစ်​ယောက်ခဲ့လျှင် ဤအမှုတွဲ၏အဓိကသက်​သေခံပစ္စည်းဟာ ရှာ​ဖွေ​တွေ့နိုင်ပါ့ဦးမလား။ ထို့အပြင် 'လျန်'၏ အပြစ်ကင်း​ကြောင်းပြနိုင်​သော လှလှပပအလီဘိုင်များနှင့်သာဆက်စပ်လိုက်လျှင် ဤအသက်အာမခံ​ကြေး​ငွေကိုလည်း လက်ဝယ်ပိုက်လိမ်လည်ယူနိုင်လိုက်​လေမလား။

"နင် ​ပြောကြည့်....."

ချန်လုကျိုးက ပရိုဂျက်တာကိုကြည့်ရင်းဖြင့် ရွှီကျစ်အား စကားဖြတ်​ပြောလိုက်သည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now