Chapter 90

846 146 17
                                    

ကျူးယန်ချီ ငှားရမ်းထားသည့်အိမ်ခန်းဆီသို့ ချန်လုကျိုး ပြန်​ရောက်လာသည့်အချိန်တွင် အနှီလူတစ်စုဟာ အ​ငွေ့တ​ထောင်း​ထောင်းနှင့်​ဟော့​ပေါ့စား​နေကြရင်း တံခါးဖွင့်သံကြားလိုက်ရ​သောကြောင့်လည်း အချင်းချင်းလှမ်းကြည့်ကုန်ကြ​တော့၏။ ညသန်း​ခေါင်အချိန်ကြီး မည်သူများ​ရောက်လာ​လေပါ့။ မြင်​နေ​တွေ့​နေကျလူတစ်​ယောက် အိမ်ထဲဝင်လာမှန်း​တွေ့လိုက်ရသည့်အခါတွင်​တော့ ​တူကိုင်ထားသည့်လက်များသည်ပင် ​လေထဲတွင်တန့်ကုန်ကြ၍ ;

"မင်း ​လေယာဥ်ချိန်မမီလိုက်တာလား"

ဝမ်ယွဲ့နှင့်လီခယ်တို့ပါ​ရောက်​နေကြပြီး ချန်လုကျိုးက Mask ကိုချွတ်၍ အမှိုက်ပုံးထဲထည့် ၊ အ​ပေါ်ထပ်ကုတ်အင်္ကျီကိုလည်းချွတ်ကာ ဆိုဖာ​ပေါ်လှမ်းပစ်တင်လိုက်သည်။ အိမ်ထဲဝင်၍လက်​ဆေးပြီးသည်နှင့် လက်​တော့ပ်ကိုဖွင့်လိုက်ရင်း ;

"လုပ်ငန်းစရ​အောင် ၊ ပြိုင်ပွဲကိစ္စ​တွေအားလုံး အရင်အပြီးသတ်ပြီးတာနဲ့ ငါ သူ့ဆီ​စော​စောပြန်မှာမလို့"

ဝမ်ယွဲ့က အမဲသားတစ်တုံးအား ​နောက်ဆုံးပိတ်ပါးစပ်ထဲထည့်လိုက်ပြီး ဝါးတူကိုချကာ လက်​တော့ပ်​ပြေးယူ​တော့၏။ ပါးစပ်ထဲ၌လည်း တမြုံ့မြုံ့ဝါးရင်းနှင့် ဝူးဝါးဝါးစကားဆိုလာခဲ့သည်။

"စမယ် စမယ် ၊ ခုဏတုန်းက ပိုင်​လောင်ရှစ် ပို့​ပေးလာတဲ့ပြုပြင်မွမ်းမံစရာအချက်​တွေကို မင်းတို့ဆီ ပြန်ပို့မလို့လုပ်​နေတာနဲ့အ​တော်ပဲ ၊ အ​မေရိကပြိုင်ပွဲဆို​ပေမယ့် ပြိုင်ပွဲဝင်​တော်​တော်များများ တရုတ်နိုင်ငံသား​တွေများတာမလို့ စာရင်းသွင်းထားကြတဲ့အသင်း 95 ရာခိုင်နှုန်းက တရုတ်နိုင်ငံ နာမည်ကြီးတက္ကသိုလ်က​ကျောင်းသား​တွေချည်းပဲ ၊ အဲ့​တော့ အသင်းတိုင်းရဲ့​တွေး​ခေါ်ယူဆပုံ​တွေက တူ​ကောင်းတူ​နေနိုင်တာ​ကြောင့် ငါတို့ရဲ့ အ​ခြေခံယူဆပုံအများစုကို အသစ်ပြင်ဖို့လို​တယ်"

ချန်လုကျိုးက ထိုင်ခုံ​နောက်မှီထိုင်ရင်း တစ်ခဏကြာကြာ​တွေး​ပြီး​တော့မှ ;

"ယူဆပုံကိုအသစ်​ပြောင်းမယ်ဆိုရင် လွယ်လွယ်​လေးနဲ့အမှားဖြစ်သွားနိုင်တယ် ၊ အရင်နှစ်တုန်းက O အဆင့်ဒိုင်းဆုကိုရသွားတဲ့စာတမ်းက အရမ်း​ကိုစိတ်​ကျေနပ်စရာ​ကောင်းခဲ့တယ်မလား ၊ 'လက်​ဗွေရာစနစ်'အ​ကြောင်းကို​ရေးတဲ့စာတမ်း​လေ ၊ ​ခေါင်းစဥ်​ရွေးမယ့်ကိစ္စကို ​နောက်မှစဥ်းစားရ​အောင်ကွာ ၊ အခု​လော​​လောဆယ် ပိုင်​လောင်ရှစ်ပို့​ပေးထားတဲ့​မေးခွန်းပြဿနာ​တွေကို အရင်ပြင်ရ​အောင်"

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now