Chapter 41 ( part 2 )

917 147 33
                                    

ပန်းခြံဝန်းထဲမှ နှင်းဆီများဟာ လ​မင်း၏အလင်း​ရောင်​အောက်တွင်​တော့ ​အရှိန်အဝါတို့မှေးမှိန်လျက်သား။ အိပ်ခန်းတံခါးကိုလည်းပိတ်ထားပါသည့်တိုင် အသံလုံသည့်စနစ်မ​ကောင်း​သော​ကြောင့် နှစ်​ယောက်သားက နှစ်ကိုယ်ကြား ကြား​လောက်ရုံအသံဖြင့်သာ စကားဆို​နေကြခြင်းဖြစ်သည်။ အိပ်ခန်း၏​ဘေးကပ်ရပ်တွင် သန့်စင်ခန်းရှိ​နေပြီး လူငယ်စုံတွဲက ပျားရည်ချို၍ပြီးသွား​လေသလားမသိ ၊ ရုတ်တရက်ကြီး သန့်စင်ခန်းထဲဝင်ကာ စကားများ​နေကြ​​​​ချေသည်။

"ဘယ်သူလဲ....မင်း ငါ့ကို ပြစမ်းပါ"

​ယောက်ျား​လေးက ဦးစွာစကားဆို၏။

"ဒီအတိုင်း ဂျူနီယာ​မောင်​လေးတစ်​ယောက်ပါပဲဆို ၊ လွန်ခဲ့တဲ့သုံး​လေးရက်တုန်းက ​ကျောင်းမှာ ​စျေး​ရောင်းပွဲလုပ်​တယ်​လေ ၊ ငါတို့စာအုပ်​တွေအားလုံး ဒီဂျူနီယာ​မောင်​လေးဆီ အပ်ထားခဲ့တာလို့"

"စာအုပ်ဝယ်တာက Wechat add စရာလိုလို့လား ၊ အဲ့ဒီဂျူနီယာရဲ့ရုပ်ရည်ကလည်း သာမန်မှမဟုတ်တာ"

​ယောက်ျား​လေး၏စကားသံက အနည်းငယ်ခက်ထန်​နေသည်။

"​ကျန်းချန်....နင် ပြဿနာမရှိ ပြဿနာလိုက်ရှာမ​နေနဲ့ ၊ နင့် Wechat ထဲက ဟို​မိန်းက​လေးကိစ္စကို​တောင် ငါ ဘာမှမ​မေးဘူး​နော်"

"မင်းတို့မိန်းက​လေး​တွေကို တကယ်လက်လန်တယ် ၊ မင်း ပြဿနာအ​ကြောင်း​ပြော​နေရာက​နေပြီး မင်း​မေကြီး​တော်မလို့ ငါ့ဘက်လှည့်လာတာလား ၊ အမြဲတမ်း ငါ့ကိုပဲ အပြစ်တင်​နေ​တော့ ဟုတ်ပြီလား"

"ကျန်းချန် နင် တကယ်ပဲ ဘာဖြစ်​နေမှန်းကိုမသိဘူး ၊ မ​ကျေနပ်လည်းလမ်းခွဲမယ်​"

"မင်း ထပ်​ပြောစမ်း"

"လမ်းခွဲမယ်"

မိန်းက​လေး၏စကားသံက အတိုင်းအဆမဲ့ကို ​အေးစက်​နေ၏။

"ခွဲ​​လေ ၊ သတ္တိရှိရင် မင်း ငါ့ကို ထပ်လာမရှာနဲ့"

"....."

"....."

အိပ်ခန်းအတွင်းမှ နှစ်​ယောက်မှာကား အချင်းချင်းမျက်နှာချင်းဆိုင်ကြည့်​နေကြပြီး အ​တော်အတန်ကြာသည်အထိ ​ပြောစရာစကားမဲ့ကာ အသံတိတ်​နေမိကြသည်။ အမှန်တိုင်းဆိုရပါလျှင် ရွှီကျစ်ဟာ ယခုလိုအ​ခြေအ​နေမျိုးအား တစ်ခါမှမ​တွေ့ကြုံဖူးသည့်အတွက် သူမ၏အမြင်တွင် အမှတ်(၁)​ကျောင်းမှလူသားများက ထူးဆန်းသလိုလိုပင်မြင်လာမိသည်။ သို့နှင့် ချန်လုကျိုးကို တည့်တည့်ကြည့်ရင်း မျက်​တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ စကားဆိုလိုက်သည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now