Chapter 2

1.8K 166 18
                                    

သည်တစ်​နေ့၏နေ့လည်ခင်းတွင် ရွှီကွမ်းကျိသည် ကန်တင်း၌သာ ​နေ့လည်စာစားဖြစ်ခဲ့၏။ မည်သည့်လတ်လတ်ဆတ်ဆတ်ဟင်းလျာမျိုးမှမဟုတ်ပါဘဲ အဆင်​ပြေသည့်ဟင်းလျာအချို့ကိုသာ စား​နေသည့်အချိန်တွင် ချိုက်ယင်းယင်း၏အ​ဖေဖြစ်သူနှင့် အမှတ်မထင်ဆုံလိုက်သည်။ ​လောင်ချိုက်မှာ မုဆိုးဖိုတစ်ဦးဖြစ်ပါ​သော်ငြား အလုပ်အကိုင်အ​ပေါ် ဂုဏ်ယူအ​လေးထားလွန်း​သော​ကြောင့် ​ဆေးရုံ၏လက်​ထောက်​ဆေးရုံအုပ်ရာထူးအထိပင် ရာထူးတိုးမြှင့်ခံထားရသူဖြစ်သည်။ ​လောင်ချိုက်က Hellokitty ထမင်းဘူးကိုကိုင်လာရင်း ရွှီကွမ်းကျိ၏နံ​ဘေးတွင် ဝင်ထိုင်လိုက်သည်။

"​လောင်ရွှီ....မင်း​ရော မပြန်​သေးဘူးလား"

ရွှီကွမ်းကျိမှာ ​ခေါင်းငုံ့လျက်ထမင်းစား​နေရင်း အရိပ်တစ်ခုကပ်လာသည်ကိုမြင်လိုက်ခြင်း​ကြောင့် မ​နေ့ညကတည်းကနှပ်ထားသည့်ကြက်​​ပေါင်အား အသာအယာလှမ်းကြည့်ပြီး သူ့လက်​အောက်သို့ မသိဘာသာ သိမ်းယူလိုက်သည်။

​လောင်ချိုက်က ထမင်းဘူးအား တခမ်းတနားဖွင့်ရင်းဖြင့် စကားဆိုလာ၏။

"မင်းကလည်း သူများကိုအထင်​သေးလိုက်တာကွာ...သူများမှာလည်း ပါ,ပါတယ်ဟ"

ရွှီကွမ်းကျိမှ အသံတစ်ချက်မထွက်ဘဲ လှမ်းကြည့်လိုက်၏။ တကယ်တွင်​တော့ မပါ​ချေ။

လက်​ထောက်​​ဆေးရုံအုပ်ချိုက်က ဝါးတူကိုယူပြီး စကားလမ်း​ကြောင်းလွှဲ၍ စကားဆိုလာသည်။

"ယင်းယင်းဆီက ကြားတယ်....ရွှီကျစ်က ဒီတစ်​ခေါက်စာ​မေးပွဲမှာကောင်းပါ့ဆို ၊ အမှတ် ၇၀၀ ​ကျော်​တောင်ဆို"

ချိုက်ယင်းယင်း၏ပါးစပ်တစ်​​ပေါက်မှာ ကန်တင်းမှထမင်းချက်အန်တီကြီးများထက်ပင် အဆီတဝင်းဝင်းဖြစ်​သေးသည်မဟုတ်လား။ ရွှီကွမ်းကျိက ထမင်းဖြူတစ်လုတ်ဝါးရင်း ပြန်​ဖြေလာ၏။

"အဲ့​လောက်လည်း အမှတ်မမြင့်ပါဘူး"

ရွှီကွမ်းကျိ အနှီလူမှာ ယခုနှစ်များအတွင်းတွင် သူ့တည်ရှိမှုအား အများအာရုံမစိုက်​စေရန် တတ်နိုင်သ​လောက်​​​သေးငယ်ပစ်ချင်​နေသည့်အလား ​အေး​အေး​ဆေး​ဆေး​နေတတ်သူဖြစ်မှန်း ​လောင်ချိုက် သိပြီးသားဖြစ်သည်။ အ​စောပိုင်းနှစ်များဆီက ရခဲ့သည့်​လောကဓံသင်ခန်းစာအားလုံးမှာ အဘွားအိုကြီး၏နမိတ်ဖတ်စာတမ်းများအား ယုံကြည်သွား​စေနိုင်​လောက်သည်အထိ သူ့အ​ပေါ် ပြင်းထန်ခဲ့သည်ပင်။ သူဆိုသည်မှာ အဆင်​ချောလွန်းသည့်ဖန်တီးမှုတစ်ခုဖြစ်​နေခြင်း​ကြောင့် အထက်မိုးနတ်မင်းများပင် မနာလို၍မျက်စိစပါး​မွှေးစူးကာ 'ချိုးဒြယ်'အ​ပေါ် ထိုသို့​သောမ​ကောင်းမ​ကန်းဖြစ်ရပ်များ ​တွေ့ဆုံသွား​စေရသည်ဟူ​သောစကား။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now