Chapter 58 ( part 2 )

996 169 22
                                    

ထို​နေ့မှစ၍ ​​နောက်ထပ်နှစ်ရက်နီးပါး ထပ်မ​တွေ့ဖြစ်ကြ​တော့။ ချန်လုကျိုးမှာ ​နောက်တစ်ပတ်ကြာသပ​တေး​နေ့တွင်သွားရမည်ဖြစ်၍ နှစ်​ယောက်ကြား၌ အချိန်​လေးငါးရက်မျှသာကျန်​တော့၏။ ရွှီကျစ်က သူ့အား ထပ်၍လည်းလာမရှာ​တော့သလို Wechat ထဲတွင်ပင် အဆက်အသွယ်နည်းသွားခဲ့သည်။ ကြားကာလထဲတွင်လည်း ချန်လုကျိုးဘက်မှ သူမအတွက်​ရေး​ပေးထား​သောမိန့်ခွန်းစာတမ်း လှမ်းပို့​ပေးသည့်မက်​ဆေ့တစ်ခုသာရှိပြီး ရွှီကျစ်​ရေးထားသည့်စာတမ်းကို အစအဆုံးပြန်ပြင်​ထား​သော​ကြောင့် ချန်လုကျိုး အသစ်​ရေး​ပေးထားသလိုပင်ဖြစ်​နေခဲ့သည်။ ရွှီကျစ်ဘက်မှ ​ကျေးဇူးတင်စကားတစ်ခွန်းသာလျှင် စာပြန်ခဲ့၏။ ချန်လုကျိုးသည်လည်း အစက်တစ်စက်တည်းသာ စာပြန်ဖြစ်ခဲ့ပြီး တခါတရံတွင် သူဟာ မည်ကဲ့သို့စာပြန်​ရေးရမည်မှန်းတကယ်မသိ​တော့၍ကြောင့်သာ အစက်တစ်စက်တည်းပြန်ပို့မိခြင်း။ မည်သို့ပင်ဖြစ်​စေ ၊ စကားလမ်း​ကြောင်းကိုအဆုံးသတ်လိုက်သည့်လူက သူသာလျှင်ဖြစ်ရမည်ဖြစ်ပြီး မဟုတ်ပါကလည်း ရွှီကျစ်မှ​နေ၍ 'ချန်လုကျိုး နင်က Wechat ထဲမှာဆိုရင် အပြင်မှာထက်​​တောင် ​အေးတိ​အေးစက်ဖြစ်​နေ​​သေးတယ်' ဟု စာပြန်လာဦးမည်​ပေ။ သို့​သော်ငြားလည်း သူဟာ ကျင့်သားရ​နေသူတစ်ဦးကဲ့သို့ပင်ဖြစ်ပြီး မိန်းက​လေး​တော်​တော်များများမှ ဖွင့်​ပြောလာတတ်သည့်အ​​ခြေအ​နေတိုင်းတွင် အကယ်၍ သူ စာပြန်လိုက်ပါက၊စကားများများဆိုမိလိုက်ပါက အခြားသူအတွက် အမျိုးမျိုးထင်စရာဖြစ်မည်စိုး၍ စာပြန်သည့်အချိန်တိုင်း သူ သတိထား​လေ့ရှိလာခြင်းဖြစ်သည်။

သို့​သော် ကျူးယန်ချီ ​သတိ​ပေးပြောပြလာခဲ့သည်မှာ တစ်ဖက်လူ ရွှီကျစ်က သူ ထွက်​သွား​တော့မည့်အချိန်ကို အခုကတည်းက​နေသားကျ​အောင်​နေနှင့်​နေသည့်အ​ကြောင်း​ပေ : 'မင်းကသာ အရူးလိုလိုနဲ့ သူ လာရှာမယ့်အချိန်ကို​စောင့်​နေ ၊ သူများက မင်းဆီထပ်လာ​တော့မှာမဟုတ်ဘူး ၊ မင်းကပဲ မိန်းမသား​လေးလိုလိုလုပ်​နေလိုက်'

ထိုရက်များအတွင်း ချန်လုကျိုးမှာ ​နေ့​မ​ရွေးညမ​ရွေး ရုပ်ရှင်ဇာတ်ကားကြည့်​​နေခဲ့သည့်အပြင် ညဘက်​ရောက်တိုင်း ကျူးယန်ချီ၊ကျန်းချန်တို့နှင့် ပုရစ်​ကြော်ထွက်စားဖြစ်ခဲ့​သေးသည်။ ဤရက်​တွေထဲ ညလယ်စာ အစားများလွန်းခဲ့ခြင်း​ကြောင့်လားပင်မသိ​တော့ ၊ လမ်းကြားထဲမှ ပိုး​ကောင်​အော်သံများ သိသိသာသာအား​​ဖျော့သွားခဲ့ပြီး ညအချိန်ဟာ လုံးလုံးလျားလျားတိတ်ဆိတ်​​ခြောက်ကပ်​လွန်း၍ အ​ပေါ်ထပ်မှအသံ​လေးတစ်ခု​ကြောင့်ပင် သူ အအိပ်ဆတ်​နေရ​တော့၏။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now