သည်အခိုက်အတန့်တွင် ရွှီကျစ်သည် ချန်လုကျိုးထံမှ 'သဘာဝကျကျ'မည်သို့ပြုမူရမည့်အကြောင်းအား သင်ယူလိုက်ရသည်ပင်။
အသားကင်ဆိုင်ထဲတွင် လူများပြည့်နေလျက်ရှိရာ ရွှီကျစ် ကြားသမျှအရာအားလုံးမှာလည်း ဘီယာပုလင်းဖွင့်သံများ ၊ မိတ်ဆွေရင်းများကြားမှ ရယ်ရယ်မောမောစကားပြောဆိုနေကြသံများအပြင် 'မြို့ပြတွင်တစ်မျိုး ၊ မြို့ငယ်လေးတွင်တစ်မျိုး'ဖြစ်ပျက်နေသော သဘောတရားတို့အား ဆွေးနွေးကြသည့်ဝိုင်းများပင် ရှိသည်။
ချန်လုကျိုးမှာ နံဘေးဆီမှအသံစုံသောလောကကြီးနှင့် လုံးဝမသက်ဆိုင်သည့်အလား ထိုနေရာ၌သာ ရပ်နေလေသည်။ ပြုံးရယ်လိုက်သည့်သွင်ပြင်မှာလည်း သစ်တောနက်ကြီးထဲ၌ မနက်ခင်းစောစောတွင်တွေ့ရတတ်သော နှင်းဖုံးလွှမ်းနေသည့်ထင်ရှူးကတိုးကိုင်းသဖွယ် ရေအစင်အတိုင်းသိမ်မွေ့အေးမြပြီး တလက်လက်တောက်ပသည့်ဓါတ်တစ်မျိုးကိုပါ ထုတ်လွှတ်နေချေသည်။
ရွှီကျစ် ကဗျာစပ်စာသားတစ်ကြောင်းကိုပင် သတိရမိလိုက်သည်။
'သရဲဘောကြောင်မှုက စိတ်ဝိဥာဥ်ကိုအကျဥ်းချထားခဲ့ရင် မျှော်လင့်ချက်ရှိခြင်းက လွတ်လပ်မှုကိုပြန်ရှာယူပေးလိမ့်မယ်'
သူ၏စူးရှထက်မြက်မှုများဟာ ငြင်းခုန်၍မရလောက်အောင် သိသိသာသာထင်ပေါ်နေခဲ့သလို သည်လူဟာ လူတစ်ယောက်အား မျှော်လင့်ချက်များပေါ်ပေါက်လာစေနိုင်လောက်သည်အထိ ပြုစားနိုင်စွမ်းရှိသည်မှာလည်း အမှန်တရားပေ။
သူ့အား ညာတာပါတေးအရူးလုပ်ဖို့မလွယ်ကူရုံလေးတစ်ခုသာ။
ရွှီကျစ်သည် လက်ကိုင်ဖုန်းအား မသိမသာလေးပြန်သိမ်းလိုက်ပြီး သူ့လက်နှင့်ထိစပ်နေသည့်နေရာအား တကူးတကပင်ရှောင်ဖယ်ရင်း သကြားလုံးကိုလှမ်းယူလိုက်သည်။
"....နင်တို့ အနုပညာကျောင်းသားတွေကလေ တစ်သျှူးတွေကို တကယ်ဖြုန်းတီးနေကြတာပဲ ၊ ခုဏတုန်းက တစ်ထုပ်ကိုလည်း နင်တို့နှစ်ယောက်ချည်းပဲသုံးပစ်တာ"
YOU ARE READING
Lets Fall In Love [ ဘာသာပြန် ]
Romanceလမင်းကြီးဝိုင်းသည်ဖြစ်စေ မဝိုင်းတော့ဘူးဖြစ်စေ ဘာဟာကမှ အရေးမကြီးဘူး ကိုယ်တစ်ယောက်လုံး မင်းဘေးနားမှာရှိနေပေးမယ်~~~~