Chapter 11

930 116 2
                                    

'ဖုယွိ'စံအိမ်၏တောင်ဆင်းလမ်းတစ်​လျှောက်လုံးသည် ​​ကွေ့​ကောက်​နေသည့်​တောင်ပတ်လမ်းသွယ်တစ်ခုဖြစ်ပြီး ကားပြတင်း​ပေါက်မှတဆင့်လည်း အပြင်ဘက်ရှိ ခပ်မတ်မတ်​တောင်ကမ်းပါးကြမ်းကြီးများအပြင် ​တောင်ကမ်းပါးယံတို့ထက်၌ တွယ်ကပ်​ပေါက်​ရောက်​နေကြသည့်ထင်းရှူးပင်အလှများအား ရှု​မျှော်ခံစားနိုင်​သေးသည်။ ချန်လုကျိုးသည် လမ်းတစ်​လျှောက်လုံး တိတ်ဆိတ်၍သာ ကား​မောင်း​နေခဲ့ပြီး စကားတစ်ခွန်းမှမဆို​ချေ။ ရွှီကျစ်သည်​တော့ စကားစမြည်​ပြောဖို့ရာ အကြိမ်ကြိမ်ကြိုးစားကြည့်ပါ​သော်လည်း ​တစ်ဖက်လူ၏အေးစက်​နေသည့်အမူအရာတို့​ကြောင့် ကျရှုံးမြဲကျရှုံး​နေ​လေ​တော့သည်။

ကိတ်မုန့်​လေးတစ်စိတ် : [ နင် ဘယ်လိုဖြစ်ပြီး​တော့ ဖဲကစားဖို့အား​နေနိုင်​​သေးတာလဲ ၊ အစ်ကို​ချော​လေးနဲ့ Wechat add ပြီးပြီလား ]

ဇီဇဝါပန်း​လေး မပွင့်ချင်ပါ : [ သူ ကား​မောင်း​နေတာ ၊ ငါ့ကို အ​ရေး​တောင်မလုပ်ဘူး ]

ကိတ်မုန့်​လေးတစ်စိတ် : [ နင့်ဘက်က တိုက်ရိုက်​​ပြောလိုက်​လေဟာ ၊ ဘာ​တွေစဥ်းစား​နေ​သေးတာတုန်း ၊ ​ဘေးမှာထိုင်​နေတာက အမိုက်စားအစ်ကို​​ချော​လေး ချန်လုကျိုး​​နော် ၊ အဲ့ဒါကို ငါနဲ့ အလာပသလာပ​ပြောချင်တဲ့စိတ်မျိုးကရှိ​နေတုန်းလား! ! ! ]

ဇီဇဝါပန်း​လေး မပွင့်ချင်ပါ : [ ဒါဆိုလည်း နင် စဥ်းစား​ပေးကြည့် ၊ ငါ ဘယ်လိုလုပ်မှ သူ့​မေ​မေနဲ့​တွေ့ဖို့ ငါ့ကို​ခေါ်သွား​ပေးမယ်လို့ထင်လဲ ]

ကိတ်မုန့်​လေးတစ်စိတ် : [ အုပ်ထိန်းသူနဲ့လိုက်တွေ့ချင်တာများ သူ့​ကောင်မ​လေး ဖြစ်​အောင်လုပ်လိုက်​ပေါ့ ၊ အဲ့ဒီအခါကျ သူ့​မေ​မေနဲ့ မ​တွေ့လို့မဖြစ်​တော့ဘူး ]

ဇီဇဝါပန်း​လေး မပွင့်ချင်ပါ : [ တကယ်လို့ သူ့မှာ​ကောင်မ​လေးရှိ​နေရင်​ရော ]

ကိတ်မုန့်​လေးတစ်စိတ် : [ ဒါများ သူ့​ဖေ​ဖေရဲ့​ကောင်မ​လေးဖြစ်​အောင် လုပ်လိုက်​​လေ ၊ အဲ့ဒီအခါကျ သူ့​မေ​မေက​တောင် နင့်ဆီ အရင်​ရောက်လာဦးမယ် ]

ဇီဇဝါပန်း​လေး မပွင့်ချင်ပါ : [ .......အဲ့လိုကြီးကျ​တော့ မဟုတ်​သေးဘူး​လေ ၊ နည်းလမ်း​ကောင်းမဟုတ်​​သေးဘူး ]

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now