Chapter 27 ( part 2 )

894 115 5
                                    

သီးသန့်ငှားထားသည့်တက္ကစီအ​သေး​လေးဖြစ်​သော​ကြောင့် ကားတစ်စင်းလုံးတွင် ခရီးသည်ဟူ၍ သူတို့သုံး​ယောက်တည်းသာ။ ဖုန်ကျင့်က မက်​ဆေ့သံများ တတီတီတ​တောင်​တောင်မြည်​နေသည့်အလယ် ၊ အနှီနှစ်​ယောက်သား Wechat မက်​ဆေ့ အသည်းအသန်ပို့​နေကြသည်ကိုကြည့်ရင်း သူ့အ​ကြောင်းတီးတိုးမက်​ဆေ့ပို့​​နေမှန်း အရူးပင်ခန့်မှန်းနိုင်​ချေသည်။ ကြည့်ရသည်မှာ ​စကား​ကောင်း​တော့မဖြစ်နိုင်​လောက် ၊ မဟုတ်ပါက သူ့အ​ရှေ့၌ ​ပေါ်တင်မ​ပြောရဲစရာအ​ကြောင်း မရှိသည်မဟုတ်လား။

ဖုန်ကျင့်သည် ချိုက်ယင်းယင်းနှင့် အင်တာနက်​ပေါ်၌ စကား​ပြောခဲ့ဖူးကြသည်ဖြစ်ရာ ရင်းနှီးသည်ဟုလည်း သတ်မှတ်၍ရ​သော​ကြောင့် သည်အတိုင်းတိုက်ရိုက်ပင် စကားဆိုလိုက်သည်။

"ချိုက်ယင်းယင်း ၊ ကျွန်​တော့်ကို ဒီကညီမ​လေးလှလှ​​လေးနဲ့ မမိတ်ဆက်​ပေး​တော့ဘူးလား"

ရွှီကျစ်၏ရုပ်ရည်မှာ ထင်​ပေါ်လွန်းသည်လည်းမဟုတ်။ အသားဖြူဖြူ ၊ သိမ်သိမ်​မွေ့​မွေ့ဟန်မျိုး​လေးသာရှိပြီး လူအုပ်ကြီးထဲလှမ်းကြည့်မိလျှင်​တော့ တစ်ချက်​လေးမြင်ရုံဖြင့် နာမည်​​ပြေး​မေးချင်မိ​လောက်မည်ဖြစ်၏။ မထင်​ပေါ်​စေသည့်တစ်ခုတည်း​သောအချက်မှာကား မျက်နှာကျအချိုးအစားဟုပင်ဆိုရမည်။ ဘဲဥပုံစံမျက်နှာကျထက်တွင် မျက်ခုံး​များကကြည်လင်​နေပြီး ပါးမို့​လေးနှစ်ဖက်မှာလည်း သုံးမျက်နှာရှု​ထောင့်လုံးမှကြည့်လျှင်​တောင် ထင်းထွက်​နေ၏။ ပြုံးရယ်လိုက်သည့်အခါမျိုးတွင် ​ချော​မောသည်ထက် ချစ်စရာ​ကောင်းသည့်ဘက်သို့ပို​ရောက်ပြီး ​​​အလွန်အမင်းကာကွယ်​ပေးချင်တတ်သည့်​ယောက်ျားသားများအတွက် 'ဘေးအိမ်မှညီမ​လေး'ကဲ့သို့​ပုံစံမျိုးပင် ဖြစ်​တော့သည်။

"အင်း ၊ ငါ့နာမည်က ရွှီကျစ်"

ရွှီကျစ်က ကိုယ်တိုင်စကားဆိုလိုက်ပြီး အခြားသူများမှ သူမအား 'ညီမ​လေး'ဟု ​ခေါ်​ဝေါ်ခြင်းကိုလည်း မနှစ်သက်ပါ​ပေ။

"နှစ်ဦးနှစ်​ယောက်ဆိုတဲ့ 'ရွှီ' ၊ ဇီဇဝါပန်းဆိုတဲ့ 'ကျစ်' ၊ ငါက ဇာတ်ညွှန်း​​ရေးဖို့တာဝန်ယူထားတဲ့သူ"

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now