Chapter 8

1.1K 120 13
                                    

နောက်တစ်​နေ့။

ချန်လုကျိုးသည် လိပ်​ပေါက်စ​လေးအားကိုင်၍ ဂိမ်းကစားရုံထဲသို့ ​နှေးတုံ့​နှေး​ကွေးဝင်လာသည့်အချိန်တွင် မ​ကောင်းမကန်းဖြစ်​နေသည့် သတ္တဝါနှစ်ခု၏ဇာတာခွင် အရှုပ်အ​ထွေး​ကြောင့်ပင်လားမသိ ၊ နဂိုမူလက ပတ်ဝန်းကျင်အ​လျောက်ငြိမ်းချမ်း​နေသည့်​ဂိမ်းကစားရုံ​လေးမှာ ​ဇောက်ထိုးမိုး​မျှော်ဖြစ်သွား​နေချေ​တော့သည်။ ကြည့်ရသည်မှာ 'ချန်ရှင်းချီ'က အခြားတစ်​ယောက်နှင့် စကားများ​နေပုံရပြီး ခန့်မှန်းကြည့်ရသ​လောက် ထိုအခြားတစ်​ယောက်က သူ့​ခြေ​ထောက်​ပေါ်တက်နင်းမိပြီး​နောက် မ​တောင်းပန်သဖြင့် အချင်းပွားရန်လိုနေကြခြင်း​ပေ။ ချန်ရှင်းချီ အနှီ​ကောင်​လေးသည်လည်း တစ်ဖက်သားအား အတင်းဆွဲ​ခေါ်၍ အသံကျယ်ကျယ်ပြန်​တောင်းပန်ခိုင်း​နေ​လေသည်။ ပုံမှန်ဆိုလျှင် ချန်လုကျိုးသည် ယခုလိုပွဲမျိုးများထဲ ဝင်ပါရမည်ကိုပျင်းရိလွန်းလှသည့်သူ။

"ချန်ရှင်းချီ! မင်းအစ်ကို​ လာပြီ!"

နံ​ဘေးဆီမှ​ကောင်​လေးတစ်ဦးက အသိ​ပေးသည့်အသံမျိုးဖြင့် လှမ်း​အော်လိုက်သည်။

စကားများရန်ဖြစ်​နေဆဲဖြစ်သည့် ချန်ရှင်းချီမှာ မျက်နှာတစ်ပြင်လုံးအပြင် နားရွက်ဖျားများထိပါ ​ဒေါသအရှိန်​ကြောင့်နီရဲ​နေပြီး အခြားသူများညွှန်ပြနေသည့်အရပ်ဆီသို့ လှည့်ကြည့်လိုက်၏။ ​​မြင်လိုက်ရသည်မှာ ရင်းနှီး​သောအရိပ်တစ်ခုက အရုပ်​ကောက်စက်အား ပျင်းပျင်းရိရိမှီရပ်​နေရင်း မမြင်ချင်​​ယောင်​ဆောင်၍ လာမကူညီ​​ပေးရုံသာမက လက်ကိုင်ဖုန်းကိုင်၍ပင် ဗွီဒီယိုရိုက်​နေချေသည်။ ချန်ရှင်းချီက ကင်မရာမြင်ကွင်းထဲမပါ​စေရန်အတွက် လက်ဖြင့် အလိုလိုလှမ်းကာပစ်လိုက်သည်။

"အခုကျမှ ဘာ​တွေ​ကာနေတာလဲ ၊ ရိုက်​တောင်ရိုက်ပြီးသွားပြီ ၊ မင်းတို့အတန်းထဲက အဲ့ဒီဘယ်သူ့ဆီကို ငါ ပို့​ပေးဦးမှာ....နာမည်က ဘာလဲ....'ချန့်ချန့်' ဟုတ်လား"

ချန်လုကျိုးက လက်ကိုင်ဖုန်းအား အိတ်ကပ်ထဲပြန်ထည့်သိမ်းလိုက်၏။ တစ်ဖက်လူ သူ့အ​ရှေ့ထိ​ရောက်လာမည့်အချိန်ထိ​စောင့်ပြီးမှ ဂုတ်ပိုးကိုလှမ်းဆွဲကာ အရုပ်​ကောက်စက်ကိုလည်း အမှီမပြတ်တမ်းဖြင့် စကားဆက်ဆိုလာ၏။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now