Chapter 30

1K 146 26
                                    

ချန်လုကျိုး ငယ်စဥ်ကတည်းက​ ရေးခဲ့ဖူးသည့်က​ဗျာစာတို​ပေါင်းမှာမနည်းလှ ၊ အကယ်၍ ကျူးယန်ချီသာ လက်ရှိ​နေရာ၌ရှိ​နေပါလျှင် သူ အသက်ရှစ်နှစ်အရွယ်က​ရေးခဲ့ဖူးသည့် နာမည်အကြီးဆုံးတစ်ပုဒ်အား ​သေချာ​ပေါက် ​အော်ရွတ်ပြမည်​ပေ။

ကောင်းကင်တစ်ခွင်မှာရှိတဲ့ မင်း ၊ မျက်ဝန်းရှေ့မှာလည်းရှိတဲ့ မင်း ၊ ငါ့နံ​ဘေးမှာပါရှိသ​ယောင်ဖြစ်တဲ့ မင်း.....

ထိုတစ်ချိန်တုန်းက တရုတ်သ​ဒ္ဒါဆရာမှာ ချန်လုကျိုးအား လမ်း​ပေါ်​တွေ့သည်နှင့် ဤသို့ပင် ပထမဆုံးစကားဆို​လေသည်။

"အိုင်းယိုး....ကဗျာဆရာကြီးချန်ပါလား ၊ ဘယ်လိုတုန်း....စာအုပ်​တွေဘာ​တွေ ထုတ်​ဝေ​တော့မှာလား"

ချန်လုကျိုးသည်​တော့ မိမိကိုယ်ကိုယ်အား အတိတ်အမည်းအစွန်းများ သိပ်များခဲ့သည့်လူတစ်​ယောက်ဟု သတ်မှတ်ထားခဲ့ရာ ငယ်ရာမှကြီးလာသည်အထိလည်း သူဟာ စိတ်​ကျေနပ်​လောက်​စေမည့်​ ​ပြောင်​​ပြောင်​မြောက်​မြောက်အရာများအား တစ်ခု​လေးမျှမလုပ်​ဆောင်နိုင်ခဲ့ဖူးသလို​ပါပေ။ ကျူးယန်ချီ​၏အမြင်၌ သူ့အား အရာအားလုံးကိုသင်ယူတတ်​မြောက်နိုင်စွမ်းရှိသည့်လူတစ်​ယောက်ဟု ထင်​နေပါသည့်တိုင် သူဟာ တကယ်တမ်းတွင်​တော့မဟုတ် ၊ အမှန်တကယ်ကိုလည်း သူ့ကိုယ်သူ ​တော်လွန်းထက်လွန်းသည်ဟုမထင်။ အမှတ်နှင့်အဆင့်များအ​ကြောင်း​ပြောရလျှင် သူဟာ အမှတ်(၁)အထက်တန်း​ကျောင်း၌လည်း ပထမ​နေရာရ​အောင် မ​ဖြေဆိုနိုင်သည့်အကြိမ်များစွာရှိသည်​ပင်။ တက္ကသိုလ်ဝင်တန်းစာ​မေးပွဲကြီးတွင်လည်း မ​တော်တဆဖြစ်သွားရ​သေးသဖြင့် ထိပ်တန်း​ကျောင်းသားတစ်​ယောက် ကံ​ကောင်းမှုတချို့​ပျောက်ဆုံးသွားပုံရ​ချေသည်။

သို့​သော် သူ့ထံ၌ရှိသည့် အ​တော်ဆုံး၊အစွမ်းထက်ဆုံးအချက်တစ်ချက်အားဆိုရလျှင်​တော့ သူဟာ ဘယ်​သောအခါကမှ အရှုံးမ​ပေးတတ်ဘဲ ​မျှော်လင့်ချက်များအမြဲတမ်းရှိ​နေခြင်းဟုသာ ​ပြောရ​ပေလိမ့်မည်။ အကယ်၍ တံတိုင်းပြိုကျသွားခဲ့လျှင် သူဟာ ရဲတိုက်တစ်ခုတည်​ဆောက်လိုက်မည် ၊ အကယ်၍ ​နေ​ရောင်ခြည်ပျောက်ကွယ်ခဲ့လျှင် သူကိုယ်တိုင်က အလင်း​ရောင်ဖြစ်လိုက်မည်ပင်။ စာအုပ်စာ​ပေများထဲ​ဖော်ပြထားသကဲ့သို့ သူထံ၌ 'တိကျ​သေချာလွန်းသည့်ချစ်ခြင်း​မေတ္တာ ၊ တည့်တိုးဆန်လွန်းသည့်မနှစ်မြို့ခြင်း ၊ စစ်မှန်လွန်းသည့်သ​ဘောကျခြင်းတရားနှင့် ​နေ​ရောင်​အောက်၌ရပ်တည်နိုင်​သော ကိုယ်ကျင့်တရားသ​ဘောထားတို့ရှိသည့်အတွက် အသံကျယ်ကျယ် အရှက်တရားကင်းကင်းဖြင့် မိမိကိုယ်မိမိ ​မြှောက်ကြွားချီးမွှန်းနိုင်သည်​ပေ'။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now