Chapter 61

1K 176 15
                                    

ဧည့်ခန်းထဲတွင် ​ယောက်ျား​လေးတစ်စုမှာ ​ကော်​ဇောခင်းထက်လှဲအိပ်​နေကြပြီး ကျူးယန်ချီတစ်​ယောက်က တတွတ်တွတ်နှင့် တစ်ကိုယ်တည်း​ရေရွတ်စကားဆို​နေ​သေးသည်။ ကူယန်သည်​တော့ ဆိုဖာ​ပေါ်၌ တစ်​ယောက်တည်းထိုင်၍ စီးကရက်​သောက်​နေရင်း သာ့ကျွမ့်၏တစ်ဖက်သတ်အချစ်သီချင်းကို တိတ်တိတ်ဆိတ်ဆိတ်နား​ထောင်​နေသည်။

နှစ်​ယောက်သားက အိပ်ခန်းအတွင်း အနမ်းတို့ဖလှယ်​နေကြသည့်အချိန်တွင် ကူယန်က တစ်စုံတစ်ရာကိုခံစားမိသွား၍လားမသိ Wechat မက်​ဆေ့တစ်​စောင်ပို့လာ၏။

GuGu : [ ချန်လုကျိုး ၊ ငါ ပြန်​တော့မလို့ နင် ငါ့ကို လိုက်မပို့​တော့ဘူးလား ၊ နှစ်နာရီ​တောင်ရှိ​နေပြီ ]

သိပ်မကြာလိုက်ပါဘဲနှင့် အိပ်ခန်းတံခါးပွင့်လာပြီး ထိုနှစ်​ယောက်သား အတူတူထွက်လာသည်ကိုမြင်လိုက်ရသည့်အခါတွင်​တော့ ကူယန်၏စိတ်ထဲ ​​ဖော်ပြရခက်ခဲလွန်းသည့်မသက်မသာဖြစ်မှုများ ဖြစ်တည်လာရ​တော့သည်။ တစ်ညလုံး စိုးထိတ်​တုန်လှုပ်နေခဲ့ရ​သောနှလုံးသားအား ​ကျောက်တုံးကြီးတစ်လုံးနှင့် ခပ်ပြင်းပြင်းပစ်​ပေါက်ခံလိုက်ရသည့်အတိုင်း​ပေ။ စီးကရက်ကိုင်ထားခဲ့သည့်လက်​ချောင်းသွယ်သွယ်တို့မှာလည်း မသိမသာတုန်ယင်လာရခြင်း​ကြောင့် စီးကရက်မီးပြာများပင် သူမ၏​ခြေ​ထောက်​ပေါ်သို့ မ​တော်တဆပြုတ်ကျကုန်၍ အသား​ရောင်နုနု​ခြေအိတ်ထက်၌ အ​ပေါက်တစ်​ပေါက်ဖြစ်သွားခဲ့ရသည်အထိတိုင်​အောင် သူမဟာ ဘာကိုမှသတိမထားနိုင်​တော့ဘဲ ချန်လုကျိုးကိုသာ ​ငေးစိုက်ကြည့်​နေမိ​ခဲ့၏။

ချန်လုကျိုးက ဧည့်ခန်းစားပွဲနားထိ​လျှောက်လာပြီး ​ရေသန့်ဘူးအသစ်တစ်ဘူးကိုဖွင့်​​ဖောက်၍ အ​နောက်ဘက်မှပါလာသည့် ရွှီကျစ်ထံသို့ လှမ်း​ပေးလိုက်သည်။ သူဟာ ရွှီကျစ်၏အ​ရှေ့တွင် တည့်တည့်ပိတ်ရပ်​နေပြီး ကူယန်ထံသို့ လှည့်ကြည့်၍ ;

"ငါ တက္ကစီ​ခေါ်​ပေးရမလား"

တကယ်တမ်း၌ ချန်လုကျိုးဟာ အ​တော်​လေးဆက်ဆံ​ရေး​ကောင်းမွန်ပြီး တစ်ဖက်သားအ​ပေါ်လည်း မ​လေးမစားမပြု ၊ အမြဲယဥ်​ကျေး​ပေး​နေတတ်သည့်လူမျိုးပင်။ ထို့အတွက်​ကြောင့်ပင် ကူယန်၏စိတ်ထဲ ချန်လုကျိုးက ဆွဲ​ဆောင်မှုရှိလွန်း​နေခြင်းဖြစ်၏။ တစ်ပါးသူအားစိုက်ကြည့်သည့်အခါတွင် သူ့မျက်ခုံးတန်းများဟာ ဓါးတစ်လက်သဖွယ်စူးရှ​နေတတ်ပြီး ဥာဏ်​ကောင်း၍​ဖောက်ထွင်းမြင်တတ်သည့်​နေရာတွင်လည်း ​​​ဝေဝါးတွေ​ဝေ​နေသည်မျိုးတစ်စက်မှမရှိ ၊ ထို့​ကြောင့်ပင် ချန်လုကျိုး​ရှေ့၌ လှည့်ကွက်အ​သေးစားများထုတ်မသုံးရဲရခြင်းဖြစ်၏။ မဟုတ်ပါက သူဟာ တစ်ပါးသူအား မျက်နှာ​ပေးညှာတာ​နေမည်မဟုတ်ဘဲ တည့်တိုးဆန်ဆန်​ပြုမူ​ပြောဆိုပစ်တတ်သည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now