Chapter 81

1.2K 177 18
                                    

ကံ​ကောင်းသည့်နှစ်​ယောက်မှာဆိုရင်ဖြင့် ​နောက်ဆုံးတွင်လည်း ဟိုတယ်သို့​ရောက်သွားခဲ့ကြသည်​ပေ။

ရွှီကျစ်မှာ အ​စောကတည်းက အခန်းယူထားခဲ့ပြီး အိတ်ထဲမှအခန်းကဒ်ထုတ်လာသည့်အချိန်တွင်​တော့ ချန်လုကျိုး၏အကြည့်များဟာ သိသိသာသာကိုအဓိပ္ပါယ်များပြည့်နှက်သွားခဲ့သည်။

"အစကတည်းက အခန်းယူထားပြီး​တော့ကို ကိုယ့်ကို​စောင့်​နေတာ​​ပေါ့ ၊ လက်​ဆောင်​ပေးမလို့ဟုတ်လား ၊ ကိုယ်ကမှ အဲ့ဒီလက်​ဆောင်ဖြစ်​နေမယ်ထင်တယ်"

ချက်ခနဲအသံမြည်ပြီးတံခါးပွင့်သွားသည့်အခါတွင် ရွှီကျစ်က သူ့အားအထဲမဝင်ခိုင်း​သေးဘဲနှင့် ;

"နင် အပြင်မှာခဏ​စောင့်​နေ​ပေး"

အနက်​ရောင်အသား​ပေးဝတ်ဆင်ထားသည့်ပုံရိပ်တစ်ခုမှာ သပ်ရပ်သန့်ပြန့်​နေလျက်ရှိပြီး ချန်လုကျိုးသည် အိတ်ကပ်ထဲသို့လက်ထည့်ထားလျက်နှင့် အထက်စီးမှအုပ်မိုး၍ကြည့်​နေရင်း စကားသံခပ်မာမာဖြင့်ဆိုလိုက်သည်။

"ဘာလုပ်မလို့လဲ"

တံခါးဖွင့်ဟထားသည့်နေရာ​လေးမှတဆင့် ရွှီကျစ်က မျက်လုံးဝိုင်းများနှင့်လှမ်းကြည့်ပြီး မချိတင်ကဲပြုံးပြလာ၍ ;

"ငါ ပြင်ဆင်စရာ​လေးရှိလို့"

စကားဆိုပြီးသည်နှင့် ချက်ချင်းတံခါးပိတ်သွားခဲ့၏။

ထိုအခါ ချန်လုကျိုး၏ဦး​နှောက်အာရုံထဲ ပုံမှန်မဟုတ်သည့်အ​တွေးများစွာပေါ်ထွက်လာ​လေပြီး ရုပ်ရှင်ဇာတ်လမ်း​ပေါင်းများစွာကြည့်ထားဖူးသည့်အ​တွေ့အကြုံအရ သမီးရည်းစားနှစ်ဦး ချစ်ကြိုက်စ,ကာလတွင် ချစ်သူအချင်းချင်း ခန္ဓာကိုယ်အထိအ​တွေ့များအား ​တောင့်​တောင့်တတစမ်းသပ်ရှာ​ဖွေချင်ကြသည်​ပေ။ ရွှီကျစ်နှင့် ဤအ​နေအထားထိ​ သဘာဝကျကျ​လေးရောက်လာခဲ့လျှင်​တောင် သူတို့နှစ်ဦးစလုံးဟာ အသက်နှစ်ဆယ်ပင်မပြည့်​သေး ၊ အတိအကျဆိုရပါက ယခုနှစ်တွင်မှာမှ တစ်ဆယ့်ကိုးနှစ်သာရှိ​သေးသည့်အရွယ်တွင် အသက်ပြည့်ပြီးသူများစမ်းသပ်ကြသည့်တချို့​သောအရာများကို သူ ​စော​စောစီးစီး မ​တွေ့ကြုံမခံစားကြည့်ချင်ပါ​သေး​ချေ။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now