Chapter 38

1K 147 16
                                    

မိုး​ရေ​ပေါက်များဟာ ​ပျော့တစ်လှည့် ပြင်းတစ်လှည့် စည်းချက်မှန်မှန်ဖြင့် ပြတင်း​ပေါက်အပြင်ဘက်တွင် ရိုက်ခတ်​နေလျက်သား။

ချန်လုကျိုး အိပ်ရာနိုးလာသည့်အချိန်တွင် မနက်ခင်း​လေးနာရီရှိပြီဖြစ်ပြီး တ​ဖျောက်​ဖျောက်ရွာ​နေသည့်မိုးလည်းတိတ်နှင့်​နေပြီ။ ရွှီကျစ်က သူ့အား အိပ်ရာနှိုး၍အသိ​ပေးသွားခြင်းမရှိဘဲ ပြန်သွားခဲ့ပြီ​ပေ။ ဧည့်ခန်းတစ်ခုလုံးမည်း​မှောင်​နေပြီး ရွှီကျစ်က ညအိပ်မီးအိမ်ကိုသာ ဖွင့်သွား​ပေးခဲ့သည်။ ကြည့်ရသည်မှာ သူ အပြင်ထွက်လာသည့်အချိန်၌ တစ်ခုခုနှင့်တိုက်မိမည်ကိုစိုး​သော​ကြောင့် ကြမ်းခင်းမီး​ရောင်များကိုသာ ဖွင့်သွား​ပေးခြင်းလားမသိ။ ပြတင်း​ပေါက်များလည်း ပိတ်သွား​ပေးခဲ့ပြီး စားပွဲ​ပေါ်၌ မှတ်စုတိုစာရွက်လေးတစ်ခုပါ ချန်သွား​ပေးခဲ့သည်။

-- မီးဖို​ချောင်ထဲမှာ ငါ ဆန်ပြုတ်ချက်ထားတယ် ၊ နိုးလာရင် ​သောက်လိုက်ဦး ၊ သကြားနည်းနည်းထည့်ထား​သေးတယ် ၊ ငါ အရင်တုန်းက အ​အေးမိရင် ငါ့အ​​မေက ဒီလိုမျိုးပဲပြုတ်​ကျွေး​နေကျ။

PS : နင့်အတွက် လက်သည်းဖျက်​ဆေးရည်လည်းထားခဲ့​ပေးတယ် ၊ မနက်ဖြန် အိမ်ပြန်တဲ့ချိန် ဖျက်သွားဖို့မ​မေ့နဲ့ဦး။

PPS : စကားတစ်ခွန်းလက်​ဆောင်​​ပေးမယ် ၊ ​လောကကြီးထဲမှာ တကယ့်တကယ်​မျှော်လင့်ချက်မဲ့တယ်ဆိုတာမျိုးမရှိဘူး ၊ အ​တွေး​တွေထဲမှာ ပိတ်​မိ​နေတဲ့အကျဥ်းသားရယ်လို့ပဲရှိတယ်။

ရွှီကျစ် --

ချန်လုကျိုးသည် မှတ်စုတိုစာရွက်​လေးကိုကိုင်ရင်း နှစ်​ဦးသား ပထမဆုံးရင်းနှီးခဲ့ကြသည့်ညအား ရုတ်တရက်ပြန်သတိရမိလိုက်သည်။ သူဟာ အခြားလူတစ်ဦးအတွက် ​နေရာဦး​ပေးထားရင်း က​လေးတစ်ဦးကိုလည်းစ​နောက်​နေသည့်အချိန်တွင် ရွှီကျစ်က လက်ကိုင်ဖုန်းကိုထုတ်၍ သူ့ကိုယ်စား ဗွီဒီယိုမှတ်တမ်းယူထား​​ပေးမည်ဟု ဆိုလာခဲ့သည်။ အကယ်၍ က​လေးမိဘများမှ​နေ၍ သူ့အား အ​ကြောင်းမဲ့ရန်ရှာလာခဲ့လျှင် ပထမဆုံးလုပ်မည့်ကိစ္စမှာ ဤဗွီဒီယိုအား ရဲအရာရှိလက်သို့အပ်လိုက်မည့်အ​ကြောင်းပင်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now