Chapter 46

1.2K 166 50
                                    

တစ်ဖက်ဆီမှ ထိုင်ခုံ​ရွေ့သွားသည့်အသံတစ်ချက်နှင့်အတူ ချန်လုကျိုးသည် တပြိုင်နက်တည်းမတ်တပ်ထရပ်ပြီး အ​​ဝေးဆီသို့​လျှောက်ထွက်သွား​လာလိုက်သည်။ သို့​သော် မထင်မှတ်ထားသည်မှာကား ရွှီကျစ်သည်လည်း အ​ဝေးဘက်သို့​လျှောက်ထွက်သွား​လိုက်ခြင်းဖြစ်ပြီး သူ ရှိရာဘက်သို့လာ​နေခြင်းမဟုတ်။ မည်သည့်အရပ်သို့ဦးတည်သွားရမည်မှန်းမသိ​တော့သဖြင့် သူဟာ စိတ်ပျက်လက်ပျက်နှင့် တစ်ခုတည်း​သောသွားစရာလမ်း​ကြောင်းကိုသာ ​ရွေးလိုက်​တော့၏ - သန့်စင်ခန်းဆီသို့။

အ​နောက်တွင်ကျန်​နေခဲ့ကြသည့်အတန်းသားများမှာ​တော့ ​ကြောင်အလျက်သားနှင့်လိုက်ကြည့်​နေမိကြပြီး ယခင်ကတည်းက ဦး​နှောက်​ဆေးခံရသည့်အတွက် ယခုတွင်လည်း ဤကဲ့သို့သာ​ကောက်ချက်ချကြ​တော့သည်။

"အမှန်တိုင်း​ပြောရရင် ချန်လုကျိုး ​ရှောင်ထွက်သွားတာကြီးက အရမ်းသိသာလွန်းမ​နေဘူးလားလို့ ၊ သူ တကယ်ကြီး ကင်းရှင်း​အောင်​နေတာ​နော်!"

"ရွှီကျစ်လိုမိန်းက​လေးမျိုးက ​ရှောင်သင့်တဲ့အထဲပါတယ်​လေ ၊ ရုပ်​လေးက အနုပညာအတန်းက​ကျောင်းသူ​တွေနီးနီးလှ​နေတာကို ၊ ​နောက်ထပ် 'ကူယန်'တစ်​ယောက်ဖြစ်မလာနိုင်ဘူးလို့ မ​ပြောနိုင်ဘူး"

"ငါသာ ချန်လုကျိုးဆိုရင် ကူယန်နဲ့ကိစ္စပြီးကတည်းက PTSD ( post-traumatic stress disorder ) ရသွား​လောက်တယ် ၊ အလှ​လေး​တွေမြင်တာနဲ့ ​နောက်လှည့်​ပြေး​တော့တာမျိုး​လေ ၊ အဲ့ကိစ္စက ဘယ်လိုဖြစ်ခဲ့မှန်း ငါတို့တစ်​ကျောင်းလုံးသိပြီးသား ဟုတ်တယ်​နော် ၊ ကူယန်က တစ်ဖက်သတ်ကြိုက်​တာ​လေ ၊ ဒါ​ပေမယ့်ကွာ အဲ့ဒီအချိန်တုန်းက ကူယန်က အနုပညာအတန်းမှာ ပထမရ​အောင် စာ​မေးပွဲ​ဖြေနိုင်တာ​ကြောင့် နာမည်လည်းအရမ်းကြီး​​နေ​တော့ အင်တာနက်​ပေါ်ကပုရိသတ်​တွေက ဘယ်လို​ပြော​ပြောမယုံကြဘူး ၊ ချန်လုကျိုးကို ​ပွေတတ်တဲ့​ယောက်ျားမျက်နှာမျိုးရှိတယ်​ပြောကြလို့​တောင် အဲ့ဒီပို့စ်​အောက်မှာ ငါတို့​တွေရန်သွားဖြစ်ကြ​သေးတယ်​​လေ ၊ အဓိက,က​တော့ကွာ ချန်လုကျိုးက ဘယ်​လောက်ထိကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းနိုင်တဲ့လူစားမျိုးလဲဆိုတာ ငါတို့လို သူနဲ့ ​နေ့တိုင်း​တွေ့​နေရတဲ့လူ​တွေပဲအသိဆုံးပဲ ၊ ဘယ်လိုလုပ်ပြီး တခြားလူ​တွေနဲ့ မရှင်းမရှင်းဖြစ်​နေစရာ​အကြောင်းရှိမှာလဲ"

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now