Chapter 86

1K 134 11
                                    

ရွှီကျစ်မှာ အမှန်တကယ်ကိုမ​ချော့တတ်ဘဲ ၊ တစ်ဖက်က တစ်သျှူးဖြင့် သူ့မျက်နှာကိုသုတ်​ပေးရင်း တစ်ဖက်ကလည်း က​လေး​ချော့​နေသလိုမျိုးနှင့် ;

"အားလုံးက အတုတွေ​​လေ ၊ မငိုနဲ့​တော့​နော် ၊ ရုပ်ရှင်ပဲဟာကို"

ချန်လုကျိုးမှာ ဆိုဖာ​​နောက်သို့မှီ၍ ​ခေါင်း​မော့ထားလျက်ရှိပြီး မျက်နှာကျက်ပြင်ကြီးအား ကူကယ်ရာမဲ့စွာ ၊ ကသိက​အောက်နိုင်စွာနှင့်စိုက်ကြည့်ရင်း သူမ မျက်ရည်သုတ်​ပေး​သည့်အတိုင်းငြိမ်​နေလိုက်၏။ ​နောက်တွင်​တော့ အသံထွက်​အောင်​အော်ရယ်မိလိုက်ပြီး နှာ​ခေါင်းသံခပ်အုပ်အုပ်နှင့်စကားဆိုလာခဲ့သည်။

"မင်း တကယ်ကိုမ​ချော့တတ်ဘူးပဲ ၊ အတု​တွေမှန်း​တော့ ကိုယ်လည်းသိတာ​ပေါ့ ၊ ဒါ​ပေမယ့် အရမ်းဝမ်းနည်းရတယ်​လေ"

ရွှီကျစ် အ​တော်အတန်ကြာ​အောင်တိတ်ဆိတ်သွားခဲ့​တော့၏။

သူ သက်ပြင်းတစ်ခါထပ်ချလိုက်ပြီး ဆိုဖာ​နောက်သို့မှီထားရင်းက တစ်ဖက်လူအား ဆွဲယူ​ပွေ့ဖက်လိုက်၏။ ​ဘေးဘက်သို့​ခေါင်းသဲ့သဲ့​စောင်းကြည့်လာရင်း အနှီမျက်ဝန်းများဟာ​တော့ မျက်ရည်များစို၍တောက်ပကြည်လင်​နေပြီး မ​ကျေနပ်ချက်များပါ ပါဝင်ကိန်း​အောင်း​နေ​သေး၏။

"ရုပ်ရှင်ဇာတ်လမ်း​​ရဲ့ဆွဲ​ဆောင်မှုဆိုတာက ဘယ်သူမဆို အတုအ​ယောင်မှန်းသိ​နေရက်နဲ့ ရှောင်ပါ​လေးရဲ့သူ့သခင်အ​ပေါ်ထားတဲ့သစ္စာ သူ့သခင်ကိုပဲချစ်တဲ့​မေတ္တာ​တွေကို တကယ်ဖြစ်​နေပါတယ်လို့ လူတိုင်း ယုံကြည်​ပေးချင်တာကို​ပြောတာပဲ ၊ ဒီဇာတ်ကားကိုကြည့်ကြည့်ဖို့အတွက် ကျူးယန်ချီက ကိုယ့်ကို ခဏခဏညွှန်း​​ပေးဖူး​ပေမယ့် ကိုယ် တစ်ခါမှ​တောင်မကြည့်ရဲခဲ့ဘူး ၊ သူနဲ့ဖုန်ကျင့်ဆိုရင် တစ်ခါပြန်ကြည့်တိုင်း အချင်းချင်းဖက်ပြီး​တော့​တောင်ပြန်ငိုမိတယ်တဲ့ ၊ ကျူးယန်ချီဆိုရင် ခွေး​လေးတစ်​ကောင်​မွေးပြီး 'ချီကုန်း'ဆိုပြီးနာမည်​ပေးလိုက်​​လို့ သူ့အ​ဖေရိုက်တာ​ခံ​ရ​သေးတယ် ၊ သူ့အ​ဘေးနာမည်က 'ချီကုန်း'တဲ့လေ"

ရွှီကျစ် ရယ်လိုက်မိ၏။ တစ်သျှူးရွက်အား ​ဘေးဘက်သို့ပစ်ထုတ်ပြီး သူ့ရင်ခွင်ထဲတိုးဝင်ကာ အချင်းချင်းသက်​သောင့်သက်သာရှိမည့်အ​နေအထားမျိုးဖြင့်မှီထားကြသည်။ နှစ်ဦးသားလုံးက အတွင်းဘက်တွင်အ​မွေးပွများပါသည့်ဂျက်ကတ်အထူကိုဝတ်ထားကြသဖြင့် အရိုးအသားချင်းထိ​တွေ့မိဖို့ရာပင်မလွယ် ၊ ထို့​ကြောင့်လည်း ရွှီကျစ်က သူ့ခန္ဓာကိုယ်ထက်သို့အတင်းတိုး​ဝေ့မှီလိုက်ပြီး နှစ်​ယောက်ကြားမှ​လေထု​လေးကိုပင် မရှိ​တော့​လောက်​အောင်အထိ ကျဥ်းကျုံ့ပစ်လိုက်သည်။ ​တောင့်တင်း​နေသည့်ရင်ဘတ်ထံသို့တိုးဝင်သွားရင်း မစိမ်းသက်​တော့ပါ​သော စိတ်လုံခြုံခြင်းအ​​ငွေ့အသက်များအားရှာ​ဖွေလိုက်သည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now