Chapter 92 ( part 1 )

876 116 8
                                    

ရွှီကျစ်တစ်​ယောက် လက်ကိုင်ဖုန်းကြည့်ရင်းပြုံး​နေမိဆဲမှာပင် ခြံဝန်းထဲ၌ ကား​ရေ​ဆေး​နေသည့် ​လောင်ရွှီက ​ရေသုတ်ဝတ်တစ်ခုကိုယူ၍ ရွှီကျစ်ထံ လှမ်းပစ်လာ၏။

"​ဖေ​ဖေ့ကို ကားကူသုတ်​ပေး"

ထိုအခါ လက်ကိုင်ဖုန်းကို အိတ်ကပ်ထဲသို့​ဆောင့်​ထောင့်ထည့်ပြီး စိတ်မပါလက်မပါနှင့် ကားပြတင်းမှန်ကိုပွတ်ရင်း အ​မေးရှိလိုက်သည်။

"​ဖေ​ဖေ တမင်သက်သက်လုပ်​နေတာမလား"

တစ်​ခေါင်းလုံး​ချွေးသံတရဲရဲနှင့်ရွှီကွမ်းကျိသည် ​ရေပိုက်ကိုပိတ် ၊ ဆပ်ပြာမြှုပ်များဖြန်းလိုက်ရင်း ​အေးတိ​အေးစက်စကားဆို၏။

"အဲ့ဒီ​ကောင်​လေးကိုက မရိုးသားတာ"

ရွှီကျစ်သည်လည်း ပွတ်တိုက်​ဆေး​ကြောကူရင်း အလျင်အမြန်ပင်ခွန်းတုံ့ပြန်လိုက်သည်။

"သူက ​ဖေ​ဖေ လက်မခံ​ပေးမှာကို​ကြောက်​နေတာ​လေ"

ရွှီကွမ်းကျိက ကားတံခါးကိုဖွင့် ၊ ​ခြေနင်းပြားကိုထုတ်ကာ အ​သေအချာခါရင်း စကားဆက်ဆိုလာသည်။

"နန်းနန်း.....သမီး ရည်းစားထားတာကို ​ဖေ​ဖေ ကန့်ကွက်​နေတာမဟုတ်ဘူး​နော် ၊ ဒါ​ပေမယ့် ရည်းစား​ကောင်​လေးပဲဖြစ်​စေ အိမ်​ထောင်ဖက်အမျိုးသားပဲဖြစ်​စေ သမီးတို့နှစ်​ယောက်ကြားထဲမှာ အချင်းချင်းသ​ဘောကျနှစ်သက်​​နေရမယ်ဆိုတဲ့အချက်က အ​ခြေခံတစ်ခု​အ​နေနဲ့ရှိကိုရှိရမယ့်အရာ ၊ ​ဖေ​ဖေ ဆိုလိုချင်တာကို သ​ဘော​ပေါက်လား"

ရွှီကျစ်က စဥ်းစဥ်းစားစားငြိမ်သွားပြီး ;

"နားလည်သလိုလို​တော့ရှိတယ်"

"သမီးတို့က အခုချိန်မှာ အသက်ငယ်ကြပါ​သေးတယ် ၊ ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ သ​ဘောကျနှစ်သက်မှု​​ဆိုတဲ့အရာက ​ပြောင်းလဲသွားတတ်တယ် ၊ အကယ်၍ ဒီ​ယောက်ျား​လေးက တာဝန်ယူတတ်ရင်​တော့ကောင်းတာ​ပေါ့ ၊ တာဝန်ယူစိတ်မရှိတဲ့​​ယောက်ျားတစ်​ယောက်သာဆိုရင် ​ဖောက်ပြားသွားတာလည်းဖြစ်နိုင်မယ် လက်ထပ်ယူဖို့အချိန်ဆွဲရင်ဆွဲမယ် လက်မထပ်ချင်တာလည်းဖြစ်ရင်ဖြစ်နိုင်ပြီး​တော့ သူတစ်ပါးရဲ့ငယ်ရွယ်မှုကို အလဟဿဖြုန်းတီး​နေလိမ့်မယ်....."

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now