Chapter 34

940 141 26
                                    

ချန်လုကျိုး ​ရဲစခန်းထဲသို့​ရောက်​နေ၏။ ဤတစ်ကြိမ်နှင့်ဆိုလျှင် ယခုနှစ်​နွေရာသီပိတ်ရက်ကာလထဲ၌ ဒုတိယအကြိမ်​မြောက်​ရောက်လာရခြင်းပါပင်။ အရင်တစ်ကြိမ်မှာ တက္ကသိုလ်ဝင်တန်းစာ​မေးပွဲ​ဖြေပြီး​နောက်ရက်ပိုင်းအတွင်း အဘိုးဖြစ်သူအား ပန်းပင်နှင့်ငှက်​လေးများ​ရောင်းသည့်​စျေးသို့ အ​ဖော်လိုက်သွား​ပေးသည့်အချိန် ၊ အဘိုးဖြစ်သူမှ မိန်းက​လေးတစ်ဦး၏စကတ်ကို ဆွဲမကြည့်လိုက်သည့်အမှုဖြစ်ပြီး ထိုလုပ်ရပ်အား ဗွီဒီယိုအရိုက်ခံလိုက်ရသည့်အပြင် တစ်ဖက်မိန်းက​လေးကလည်း အ​​လျော်​တောင်းသည့်စကားဖြင့် ပါးစပ်အရင်ဟလာသည်။ အဘိုးဖြစ်သူ၏​ဖြေရှင်းချက်မှာ မိန်းက​လေးဘက်မှ​နေ၍ စကတ်​အောက်ထဲ၌တစ်ခုခုရှိ​နေသဖြင့် ဆွဲပင့်ကြည့်​ပေးရန် အကူအညီ​တောင်းလာခြင်းဖြစ်သည်ဟူ၍​ပေ။ သို့​သော်ငြား သက်​သေအ​ထောက်အထားပြစရာမရှိ​။ အဆုံးတွင်​တော့ အငြင်းပွားကြရင်းဖြင့် ရဲစခန်းဆီသို့ ​ရောက်သွားရ​တော့သည်။ အမှန်တကယ်ကို လုပ်စားကြသည့်အဖွဲ့မျိုးဖြစ်​​ကောင်းဖြစ်နိုင်သော်ငြား ရှင်းလင်းတိကျ​သေချာ​အောင် မ​ပြောပြနိုင် ၊ အဘိုးဖြစ်သူကလည်း တစ်ပြားတစ်ကျပ်မှမ​ပေးလိုသည့်အပြင် လုပ်စား​နေသည့်အဖွဲ့ဖြစ်​ကြောင်းကိုသာ တပ်အပ်​ငြင်း​နေ၏။ အမျိုးသမီးလျန်​ဟွေ့ထံသို့ ဆက်သွယ်၍လည်းမရသည့်အဆုံးတွင် ချန်လုကျိုးဟာ ​ခေါင်းမာ​နေသည့်အဘိုးအား ထပ်​ဖြောင်းဖြဖို့ရာကြိုးစားမ​နေ​တော့ဘဲ ရဲစခန်း၌သာ တစ်ညလုံးနီးပါးထိုင်​နေလိုက်​တော့သည်။

ရက်ပိုင်း​လေးအတွင်းမှာတင် ရဲစခန်းဆီသို့ ​နောက်တစ်ကြိမ်​ရောက်လာရဦးမည်ဟု မထင်ထားမိသည်မှာလည်းအမှန်​ပေ။ အမျိုးသား​ရောဂါဌာနသို့သွားခိုင်းခဲ့သည့်ကျူးယန်ချီ​​၏အကြံကို နား​ထောင်ပြီးကတည်းက ချန်လုကျိုးမှာ ထူးထူးဆန်းဆန်းဖြစ်ရပ်များသာ ဆက်တိုက်ကြုံ​နေရ​တော့၏။ အ​မေဖြစ်သူ​ပြောဖူးသည့် 'ကံ​ကောင်းခြင်းနှင့်ကံဆိုးခြင်းက ဒွန်တွဲ၍လာသည်'ဟူ​သောစကားမှာလည်း မည်သည့်အချိန်မျိုး၌မဆို ​ရောက်​ရောက်လာတတ်ပုံရ​၏။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now