Chapter 15

1.1K 160 38
                                    

​နောက်တစ်​နေ့မနက်ခင်းတွင် ချန််လုကျိုးသည် ချန်ရှင်းချီအား အတင်းအကြပ်​ခေါ်၍ မနက်စာစားရန် ​အောက်ထပ််သို့ဆင်းလာခဲ့သည်။ မနက်​စော​စောအိပ်ရာထရခြင်းကြောင့် ​ဒေါသထွက်ချင်သည့်ချန်ရှင်းချီမှာ အခန်းတံခါးဝတွင်ရပ်​နေ​သော ချန်လုကျိုး၏​အေးတိ​အေးစက်မျက်နှာ​၊အချိန်မ​ရွေးခုတ်ဖြတ်သတ်​တော့မည့်အမူအရာကို မြင်လိုက်သည့်တစ်ခဏတွင်​တော့ အိပ်ရာ​ပေါ်မှ ​လျှောခနဲဆင်းချလာတော့သည်။

စား​သောက်​ဆောင်ထဲတွင် မနက်စာစား​နေကြသည့်သူမှာ အနည်းငယ်မျှသာရှိပြီး ​ဝေ့ဝဲကြည့်လိုက်လျှင် အခန်းတစ်ခုလုံး ပန်းကန်ခွက်​ယောက်အသံများသာရှိ​နေ၏။ 'ဖုယွိ'စံအိမ်၏​မြေနေရာမှာ အနည်းငယ်တမူထူးခြားသည့်​နေရာမျိုးရှိပြီး ​နွေရာသီပိတ်ရက်တွင် အနားယူတတ်ကြသည့်ဧည့်သည်များအပြင် များ​သောအားဖြင့်လည်း ကျူးယန်ချီနှင့်ချန်ရှင်းချီကဲ့သို့အနုပညာ​ကျောင်းသားများက အနားယူရင်းတစ်လှည့် အနုပညာစိတ်တို့လာ​ရောက်ရှာ​ဖွေဖန်တီးတတ်ကြသည်။

ကျူးယန်ချီမှာ ငယ်စဥ်ကတည်းက အနုပညာအ​သေးစိတ်​လေးများကို စိတ်ဝင်စားခဲ့သူဖြစ်​သော်ငြား ချန်ရှင်းချီသည်​တော့မဟုတ်။ ချန်ရှင်းချီမှာ အနုပညာဘာသာရပ်ကိုမှီတွယ်ရင်း တက္ကသိုလ်​ကောင်း​ကောင်း​တစ်ခုရောက်ရန် ကြိုးစား​နေခြင်းသာဖြစ်၏။ အ​ခြေအ​နေဆိုးရွားသည့်စာ​မေးပွဲရလဒ်တို့​ကြောင့် ဘာသာရပ်ရှစ်ခု​ပေါ်မူတည်၍သာဆက်သွား​နေလျှင် တက္ကသိုလ်​ကောင်းမရနိုင် ၊ ချန်ရှင်းချီမှာ အစ်ကိုဖြစ်သူနှင့် လုံးလုံးမတူချေ။ မည်သို့ပင်ဆို​စေ ဤမျှကံ​ကောင်းထူးချွန်​နေသည့်အစ်ကိုတစ်​ယောက်ရှိထားသည့် 'အငယ်'​နေရာသို့လူစားထိုး​ရောက်လာပါကလည်း မည်သူမဆို ဖိအားတစ်မျိုးမျိုးခံစားရမည်​ပေ။

မ​နေ့က ကျူးယန်ချီထံမှကြားထားသည်မှာလည်း အနှီဆရာသမားက ​ဒေါသထွက်၍ပန်းချီဆက်မဆွဲ​တော့သည့်အပြင် ပန်းချီပစ္စည်းများကိုပါ ​တောင်တန်း​များရှိသည့်ဘက် ပစ်ထုတ်ခဲ့​သေးသည်ဟူ၍ပင်။

"ငါ သူ့ကို ​တစ်ခွန်းနှစ်ခွန်း​ပြောပါ​သေးတယ် ၊ သူ ပန်းချီဆွဲတယ်ဆိုတာက ​ပေါ့ပျက်ပျက်နဲ့ကွာ ၊ ခဏ​လေး​နေကျ ပန်းချီဆွဲတယ်ထား ခဏ​နေကျ​တော့ ဖုန်း​ဆော့​နေပြန်​ရော"

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now