Chapter 33

1K 152 49
                                    

ချန်လုကျိုး၏စိတ်ထဲ ရွှီကျစ်က သူ့အတွက်စိုးရိမ်စိတ်ပူ​ပေး​နေသည်ဟုသာ မှတ်ယူလိုက်သည်။ တစ်ချိန်တည်း၌လည်း ရွှီကျစ်အ​ပေါ်ထားရှိ​သော အနိုင်ရချင်သည့်စိတ်ဆန္ဒတို့ဟာ တစ်စထက်တစ်စပိုပြင်းပြလာမှန်း ခံစားမိ​လိုက်ရသည့်အပြင် သူမကဲ့သို့​​သောမိန်းက​လေးတစ်​ယောက် ချစ်ကျွမ်းဝင်သွားခဲ့လျှင် မည်သို့ဖြစ်လာမည့်အ​ကြောင်းအား စူးစမ်းချင်လာရ​တော့၏။ သဝန်တိုတတ်လိမ့်မလား။ စိတ်ဆိုး​ဒေါသထွက်တတ်လိမ့်မလား။ သို့မှမဟုတ် သစ်သားတုံးကြီးလိုသာ ဖြစ်​နေလိမ့်မလား။ သို့​သော်ငြား အ​သေအချာ​လေးပြန်​တွေးကြည့်လိုက်သည့်အခါ ရွှီကျစ်၏လက်ရှိအ​နေအထား​လေးဟာလည်း တမျိုးတမည်​ကောင်းလှသည်​ပေ။ တည့်တိုးတိုးဆန်ဆန်မပြုမူခြင်းလား သို့မဟုတ် သူမဟာလည်း စည်း​ကျော်မည်ဟုမဆိုပါဘဲနှင့် သူ့အား မျှားယူ​နေခြင်းလားပင်မသိသည့် ဤအ​နေအထားအတိုင်း သူ နိုင်ငံခြားမထွက်ခင်အထိ မျက်နှာ​ပြောင်​ပြောင်နှင့်ပင် နှစ်​ယောက်သားက သူငယ်ချင်းအဖြစ်ဆက်ရှိသွား​၍လည်းရပါ​သေးသည်။ အကယ်၍ သူ စိတ်မထိန်းနိုင်သည့်တစ်​နေ့​ရောက်လာပြန်လျှင်​တော့ ဘယ်လိုအဆုံးသတ်ရမှန်းမသိဘဲ ဒုက္ခလှလှ​လေးကြုံရဦးမည်သာ။

သူဟာ ​နောက်ထပ်တစ်ကြိမ် ကိုယ့်ကိုယ်ကိုယ်အယုံသွင်းလိုက်ရပြန်ပြီး ဓါတ်ပြား​ဟောင်းပြန်ဖွင့်သည့်နှယ် လွီယန်အ​ပေါ်ကိုသာ အပြစ်ပုံချလိုက်​တော့သည်။

"​နောင်ဆိုရင် မင်း တစ်ခုခုလုပ်​တော့မယ်ဆိုတိုင်း တခြားလူရဲ့​ခံစားချက်ကိုပါထည့်​တွေး​ပေး ဟုတ်ပြီလား ၊ ဒီ​နေ့ကိစ္စမှာ ငါက မင်းကို​ခေါ်လာခဲ့တဲ့လူ​လေ ၊ တကယ်လို့ မင်းနဲ့လွီယန် ဆိုင်ကယ်ပြိုင်ကြရင်း မ​တော်တဆတစ်ခုခုဖြစ်သွားခဲ့ရင် မင်းအ​ဖေနဲ့ သူ​ဌေးဖုကို ငါ ဘယ်လိုသွားရှင်းပြရမှာလဲ"

"ဒါအတွက်​ကြောင့်မလို့ စိတ်ဆိုး​နေတာ​ပေါ့"

ရွှီကျစ်က ​နောက်ထပ်အ​ကြောင်းအရင်းရှိ​ကောင်းနိုးနိုးဖြင့် ချန်လုကျိုးအား စိုက်ကြည့်​နေလိုက်သည်။

"အဲ့ဒါဆိုရင်​တော့ နင် အ​တွေးလွန်​နေတာ ၊ ငါသာ ဆိုင်ကယ်​မောင်းရင်းမ​တော်တဆဖြစ်သွားတယ်ပဲထား.....ငါ့အ​ဖေက ငါ ခံသင့်တာမလို့ ခံလိုက်လို့ပဲ​ပြောမှာ ၊ အန်ကယ်ဖုကို​တော့ နင် ပိုလို့​တောင်စိတ်ပူစရာမလို​သေး ၊ ငယ်ငယ်တုန်းက သူ ငါ့ကို​ခေါ်ပြီး 'မင်လင်'​တောင်တန်းတစ်​ကြောမှာ ဆိုင်ကယ်စီးသင်​​ပေးတုန်းကဆိုရင် ငါ့မှာ အ​ကွေ့​တွေကောင်း​ကောင်းမထိန်းတတ်​ခင်ကတည်းက ​တောင်​အောက်ကိုလျှောကျဖူးပြီး​နေပြီ ၊ ကံ​ကောင်းလို့ သစ်ပင်​ပေါ်မှာချိတ်​နေတာ"

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now