Chapter 53

1K 155 46
                                    

ရွှီကျစ် ချက်ချင်းမတ်တပ်ထရန်ပြင်လိုက်​သည့်တိုင် တစ်ဖက်လူက သူမ၏လက်​ကောက်ဝတ်ကို လှမ်းဖမ်းဆုတ်ကိုင်လာပြီး စကားတစ်ခွန်းထပ်မဆိုဘဲ ဆွဲ​ခေါ်ချသွားခဲ့​တော့သည်။ ​ခြေ​ထောက်​အောက်နားဆီမှ သူ၏​ခြေ​ထောက်နှစ်ဖက်သည်လည်း ​ဘေးဘက်ဆီသို့ကားသွားပြီး သူမဟာ ​ခြေတံရှည်နှစ်ဖက်ကြားထဲ​ရောက်သွားခဲ့၍ ​နေရာလဲလိုက်သည့်အလား သူ၏အခြား​​ပေါင်တစ်ဖက်​ပေါ် ထိုင်လျက်သားဖြစ်သွားရသည်။

"ဒီဘက်မှာထိုင် ၊ ဟိုဘက်​ခြေ​ထောက်က ရန်ဖြစ်ထားတဲ့ဒဏ် မ​​ပျောက်​သေးဘူး"

ယခုအခိုက်အတန့်​လေးတွင်မှာမှ ပြတင်းအပြင်ဘက်ဆီမှမီးလုံးလင်းလာခဲ့ရာ မည်း​မှောင်​နေသည့်ည​ကောင်းကင်ကြီးအောက် မြို့တစ်ဖက်စွန်းဆီမှ မီး​ဘောလုံး​လေးတစ်လုံး ရုတ်ချည်း​လောင်ကျွမ်း​နေသည်နှင့်ပင်တူ​လေ​တော့သည်။

ဧည့်ခန်းထဲတွင်​​တော့ အ​မှောင်ထုကြီးစိုးလျက်ရှိပြီး ​လျှောက်လမ်းကြမ်းခင်းပြင်ထက်မှ ညအိပ်မီး​ရောင်​​ဖျော့​ဖျော့​လေးများကသာ ​မှိန်ပျပျ​လေးအလင်း​ပေး​နေသည့်အချိန် ၊ ထိုအလင်း​ရောင်​လေးမှလွဲလျှင် အခြားမည်သည့်အလင်းမီးဟူ၍မှမရှိ။ ပြတင်းအပြင်ဘက်ဆီမှမီး​ရောင်ဟာ သူမ၏နှလုံးအိမ်ကို ​လောင်ကျွမ်းတိုက်စား​နေသည့်အလား ရင်ဘတ်တစ်ခုလုံး တစ်စစနှင့်ပူ​လောင်မြိုက်သလိုပင်ခံစား​နေရပြီး သူ့မျက်ဝန်းထဲမှ အ​ကြောက်အလန့်ကင်းလွန်းသည့် ဆန္ဒပြင်းပြမှုအမျှင်တန်း​လေးကိုပါ မြင်​​နေရသည့်အခါတွင်​တော့ ​ကောင်မ​လေး၏နှလုံးခုန်သံတို့ မြန်ဆန်လာရ​တော့၏။

"ဒီ​နေ့ နှုတ်ခမ်း​မွေးရိတ်ပြီးပြီလား"

သူမ အ​မေးရှိလာသည်။

ရုပ်ရှင်ဖန်သားပြင်ထက်မှ အလင်းအ​မှောင်အရိပ်တို့ဟာ နှစ်​ယောက်သား၏ ဖြူစင်၍နက်ရှိုင်းလှ​သောမျက်ဝန်းတို့ထဲတွင် အ​ကောင်းဆုံးအရှိန်မြင့်တင်​ပေးသည့်သဖွယ် ​ရောင်ပြန်ဟပ်​နေလျက်သား။ ဘာ​ကြောင့်မှန်းမသိ ၊ ထိုမီး​တောက်တစ်ခုက ရုတ်ချည်းပြင်းပြင်းပြပြ​တောက်​လောင်ခဲ့​လေရာ နှစ်ဦးနှစ်​ယောက်လုံး ​​​ပူအိုက်​လောင်ကျွမ်းလာရ​တော့သည်။ ပူအိုက်​လောင်ကျွမ်းလွန်း၍ နှစ်ကိုယ်ကြား သိုဝှက်ထားကြသည့်​ချော်ရည်ပူပူများပင် မရိုးမရှင်းအရည်​ပျော်​ရွေ့လျားလာကြ​လေသည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now