Chapter 14 ( part 1 )

1K 145 20
                                    

'ဖုယွိ'စံအိမ်၏ဘားထဲတွင် ဧည့်သည်အနည်းငယ်မျှသာရှိသည်။ ဤဘားမှာ သီချင်းသံငြိမ့်ငြိမ့်​လေးဖြင့် အရက်ဝိုင်သီးသန့်​သောက်ရင်း အေး​အေးလူလူအနားယူနိုင်မည့်​နေရာမျိုးဖြစ်ပါ​သော်ငြား စံအိမ်တည်​နေရာက လူ​ခြေတိတ်သည့်အရပ်​တွေရှိ​နေသဖြင့် ဖျော်​ဖြေ​ပေးမည့်အဆိုရှင်များမရှိဖြစ်​နေ​ချေ၏။ ဖုယွိချင်၏စိတ်​နေသ​ဘောထားပုံစံဖြင့်လည်း မည်သူကမှ ဤမျှ​ဝေးလံ​ခေါင်ဖျား​နေသည့်​နေရာတစ်ခုသို့ တကူးတကလာ​ပေး​နေမည်မဟုတ်ပြန်။ ထို့​ကြောင့် ဖုယွိချင်က စိတ်ပါသည့်​အချိန်မျိုးတွင် ကိုယ်တိုင်ကိုယ်ကျ သီဆို​ဖျော်​ဖြေ​ချေ​တော့သည်။

ကံ​ကောင်းစွာဖြင့် ယ​နေ့တွင် ဖုယွိချင် စိတ်ပါပုံမရ​ပေ။

ရွှီကျစ်တို့နှစ်ဦးက အရင်​စောလျှင်စွာ​ရောက်လာခဲ့ပြီး အရက်ဘားထဲတွင်လည်း လူအနည်းငယ်မျှသာရှိသည်။ အတွင်း​ထောင့်များမှ ဖြာထွက်​နေသည့်မှိန်ပျပျအလင်း​ရောင်​လေးနှင့်အတူ ငြိမ့်ငြိမ့်​ညောင်း​ညောင်းပျံ့လွှင့်​နေသည့် ​တေးဂီတသံတို့၏​ပေါင်းစပ်မှု​ကြောင့် လူတစ်​ယောက်လုံးမှာ သီးခြားကမ္ဘာတစ်ခုထဲ နှစ်ဝင်​မျောပါသွားသည့်သဖွယ်ပင် ဖြစ်​နေ​တော့သည်။

ချိုက်ယင်းယင်းသည် ဤမလာခင်ကတည်းက တိ​ရှောင်းအား blocked ခဲ့ပြီးဖြစ်သလို နှစ်​ယောက်သားမှာလည်း ထို​ညကတည်းက အဆက်အသွယ်မရှိ​တော့။ နှစ်ရက်နီးပါး ​မေးမြန်းကြည့်​သေးပါ​သော်လည်း မည်သည့်တုံ့ပြန်မှုမျိုးမှမပြု။ ယ​နေ့တွင်​တော့ တိ​ရှောင်းက 'ချိုင်ကျင်းကျင်း'၏ဓါတ်ပုံအား ရုတ်တရက်ပို့စ်တင်လာခဲ့သည်။ ချိုက်ယင်းယင်းမှာ အ​ကြောင်းပြချက်တစ်စုံတစ်ရာ ရလိုရငြားဖြင့် ​သွား​မေးကြည့်ချင်လိုက်ပါသည့်တိုင် ချိုင်ကျင်းကျင်း၏ဓါတ်ပုံအား အကြိမ်ကြိမ်ချဲ့ကြည့် ၊ ပုံဖျက် Edit ကျွမ်းကျင်သည့်မိတ်​ဆွေတို့အား ရှာကြည့်​ပြီးသည့်​နောက်တွင်​တော့ ရုတ်ချည်းပင် ငြိမ်ကျသွားခဲ့​တော့သည်။ သမီးရည်းစားအ​ရေးမှာ အ​ပေါ်ယံကိစ္စတစ်ခုမှန်း နားလည်ပါသည့်တိုင် သည်အသက်အရွယ်​လေးတွင်​တော့ အမှန်တကယ်အသည်းကွဲနာကျင်ရသည်ပင်။ ချိုင်ကျင်းကျင်းက အ​တော်​လေးလှပလွန်းသည့်အပြင် တိ​ရှောင်းနှင့်ပါ တက္ကသိုလ်တစ်ခုတည်း​ရောက်​​အောင် ​ဖြေဆိုနိုင်​သောအစွမ်းအစမျိုးရှိသည့်သူ။ ချိုက်ယင်းယင်း ဤတစ်ကြိမ်တွင်​ တုန်လှုပ်သွားရ​တော့၏။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now