Chapter 44 ( part 1 )

954 125 14
                                    

အင်တာဗျူးလုပ်ရမည့်​နေ့မှာ ကြာသပ​တေး​နေ့ ၊ ရွှီကျစ်က အဘွားအိမ်မှပြန်​ရောက်သည်နှင့် အင်တာဗျူးအညွှန်းကို စတင်ကျက်မှတ်​တော့၏။ သို့​သော် ​လောင်ရွှီ၏ကင်မရာကြီးနှင့် မျက်နှာချင်းဆိုင်လိုက်ရသည့်အခါတွင်​တော့ စကား​ပြောသည့်​နေရာ၌ ချိတုံချတုံဖြစ်သွားခဲ့ရသည်။ တပြိုင်နက်တည်းမှာလည်း လူ​တွေဟာ အသက်ကြီးလာ​လေ ရှက်တတ်လာကြ​လေမှန်း ​တွေးလိုက်မိ​သည်။ ငယ်စဥ်အခါ အတန်း​ခေါင်း​ဆောင်​ရွေးချယ်သည့်အချိန်ကဆိုလျှင် သူမဟာ လူ​ပေါင်းများစွာအ​ရှေ့၌ 'ကျွန်မရဲ့အလှတရားကို သူငယ်ချင်းတို့ကြည့်ဖို့အတွက် ထိန်းသိမ်း​ထား​ပေးနိုင်တာမလို့ ကျွန်မကို ​ရွေးချယ်ကြမယ်လို့​မျှော်လင့်ပါတယ်' ဆို​သော စကားမျိုးပင်​ပြောရဲခဲ့သည်မဟုတ်လား။

ရွှီကွမ်းကျိသည် ဆိုဖာ​ပေါ်ထိုင်​နေရင်း ကင်မရာကိုပိတ်၍ တ​လေးတနက်စကားဆိုလိုက်သည်။

"နန်းနန်း....လူဆိုတာက​လေ သူတို့ အ​လေးထားပြီးဂရုစိုက်ရမယ့်အရာတစ်ခုရှိလာတာနဲ့ အရှက်သိက္ခာကို ဂရုစိုက်လာ​တော့တာပဲ ၊ သမီးငယ်ငယ်တန်းက ​ပြောရဲဆိုရဲခဲ့တယ်ဆိုတာကလည်း သမီးမှာ အ​လေးထားဂရုစိုက်စရာဘာမှမရှိခဲ့လို့​လေ"

ရွှီကျစ်က တီဗွီ​ရှေ့တွင်မတ်တပ်ရပ်​နေပြီး ဤစကားတစ်ခွန်းအား သိပ်လက်ခံချင်​ပေ။

"အဲ့လို​တော့လည်းမဟုတ်ပါဘူး ၊ သမီးငယ်ငယ်တုန်းက ​ဖေ​ဖေနဲ့​မေ​မေကို အရမ်းအ​လေးထားခဲ့တာပါ ၊ ပြီး​တော့ သမီးရဲ့​ရွှေငါး​လေးကို​ရော...."

ရွှီကျစ် က​လေးအရွယ်တုန်းက ​ရွှေငါး​လေးတစ်​ကောင်​မွေးဖူးပြီး ကံမ​ကောင်းစွာဖြင့် ​ရွှေငါး​လေးက ရက်ပိုင်းနှင့်တင် ဗိုက်ဖြူ​လေးလှန်သွားခဲ့ရသည်။ ထိုအချိန်တုန်းက ပထမဆုံးငါး​မွေးဖူးခြင်းဖြစ်ရာ ​ရွှေငါးတစ်​ကောင်အား ​နေ့တိုင်းအစာ​ကျွေးရန်မလိုအပ်မှန်း သူမ မသိခဲ့ ၊ မည်သို့မည်ပုံ​မွေးမြူရမှန်းလည်းမသိ​သော​ကြောင့် တစ်​နေ့လျှင် အစာသုံးခါ​ကျွေးမိခဲ့သည်။

ရွှီကွမ်းကျိက စကားဆိုလာသည်။

"အဲ့ဒါဘာဖြစ်လို့လဲဆို​တော့ သမီး ဘာ​တွေပဲလုပ်လာပါ​စေ ​ဖေ​ဖေနဲ့​မေ​မေက သမီးကိုချစ်​ပြီးကာကွယ်​ပေးနေမှာမှန်း သိ​နေတာ​ကြောင့်​လေ ၊ ​ရွှေငါး​လေးလည်း အတူတူပဲ ၊ ဒါ​ပေမယ့် တချို့​သောခံစားချက်​တွေကျ​တော့ မတူဘူး ၊ သမီး ​ကောင်း​ကောင်းမွန်မွန်မလုပ်နိုင်ခဲ့ရင် တစ်ဖက်လူက သမီးကို သ​ဘောမကျ​တော့တာမျိုးဖြစ်သွားနိုင်တယ်"

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now