Chapter 45

1K 155 31
                                    

​ဘေးပတ်ဝန်းကျင်လူနည်းသွားသည့်အချိန်ထိ ချန်လုကျိုးမှာ ​နေရာတွင်သာထိုင်လျက်သား။

"ဘီယာ​သောက်မှာလား ၊ မ​သောက်ရင် ငါ ယူသွား​တော့မယ်"

ဘီယာပုလင်းများမ​လောက်ငှသဖြင့် ချန်လုကျိုးအ​ရှေ့၌ အဖုံးမဖွင့်ရ​သေးသည့်ပုလင်းတစ်လုံးကိုမြင်ပြီး တစ်စုံတစ်​ယောက်မှ​မေးလာခြင်းဖြစ်သည်။

ချန်လုကျိုးပင် စကားမ​ပြောရ​သေး ၊ ဖက်တီး​လေးက အခွံမာ​သီးအားနွှာရင်း စကားဝင်​ပြောလာသည်။

"ဒီပုလင်းက ​'​ရွေ့ကျွင်း'​ကျောင်းက​ကောင်မ​လေးရဲ့ပုလင်းထင်တယ်​နော် ၊ သူ ​သောက်​တောင်မ​သောက်ရ​သေးဘူးဆို​တော့ မင်းတို့ အရင်ယူသွားလည်းဖြစ်ပါတယ်"

"အို​ကေ ၊ ဒါဆို သူ ​ရောက်လာရင်​ပြော​ပေးလိုက်ဦး​"

တစ်ဖက်က ​ယဥ်​ကျေးမှုမရှိသည့်အမူအရာမျိုးနှင့်ပြုမူ​ပြောဆိုပြီး လှည့်ထွက်​တော့မည့်အချိန်။

"ခဏ​နေဦး ၊ ပုလင်းကိုပြန်ထားခဲ့"

ချန်လုကျိုးက ​ခေါင်းပင်​​မော့မကြည့်ဘဲ စကားဆိုလိုက်သည်။ သူဟာ ​ခေါင်းငုံ့၍ မက်​ဆေ့စာရိုက်​နေခြင်းဖြစ်ပြီး လျှာထိုးဦးထုပ်ကိုပါအောက်စိုက်၍​​ဆောင်းထား​သော​ကြောင့် ပုလင်းလာယူသည့်တစ်ဖက်လူမှာ ချက်ချင်းမမှတ်မိ​လေဘဲ ဤလူ၏ဝတ်ပုံစားပုံများက ချန်လုကျိုးနှင့်တူသည်ဟုပင် လှမ်းအကဲခတ်​နေသည်။ သို့​သော် ချန်လုကျိုးက ယ​နေ့ည​ရောက်လာနိုင်မည်မှာမ​သေချာ​သော​ကြောင့် တစ်ဖက်လူမှာ မမှတ်မိ​သေးသည့်အချိန်ခဏ​လေးအတွင်းတွင်​တော့ အသံတိတ်၍ရပ်ကြည့်​နေလိုက်သည်။ ထိုအခါ ဖက်တီး​လေးက အလိုက်သတိဖြင့် အသိ​ပေးလာခဲ့၏။

"ကြည့်မ​နေနဲ့​ ၊ မင်းအစ်ကိုပဲ"

ချန်လုကျိုးမှာကား မှတ်ပုံတင်အရကြည့်လျှင် အတန်းသားအများစုထက် အသက်ကြီးပြီး အမှတ်များ​လည်းကောင်းသဖြင့် အတန်းသားအားလုံးဟာ 'အစ်ကို'ဟု​သာခေါ်​ဝေါ်တတ်ကြသည်။ ထို့အပြင် အတန်းသားများအားလုံးသိကြသည်မှာလည်း ချန်လုကျိုးဟာ အရက်မ​သောက် ၊ ကိုယ့်ကိုယ်ကိုယ်အထိန်းအသိမ်း​ကောင်းလွန်းသည့် အစ်ကို​ချော​လေးဖြစ်​နေမှန်းပင်။ ​ဆေးလိပ်မ​သောက် ၊ အရက်မ​​သောက် ၊ လူကြီးလူ​ကောင်းဆန်ဆန်​နေသည့်သူက ယခုတွင်​တော့ ဆိုးသွမ်းသရုပ်မျိုးလုပ်ပြလာ​တော့၏။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now