Chapter 20 ( part 1 )

1K 152 17
                                    

ချန်လုကျိုးက သုံး​လေးပုံဆက်တိုက်တစ်ခါတည်းရိုက်ယူလိုက်ပြီး တစ်ပုံချင်းစီတိုင်းကိုလည်း လိုချင်သည့်အ​နေအထားမျိုးအထိ ဖမ်းယူနိုင်ခဲ့သည်။ သူ ​ခေါင်းငုံ့ထားလျက်ဖြင့် စစ်​ဆေးကြည့်လိုက်လျှင် ရိုက်ကူးရမိထားသည့်ဓါတ်ပုံတို့မှာ တစ်ဆက်တည်းကြည့်လိုက်သည့်အခါတွင်​တော့ animation တစ်ခုသဖွယ် အသက်ဝင်​နေ​​လေသည်။ ကြယ်​ကြွေတို့နှင့်အတူ 'သူမ'နောက်လှည့်ကြည့်လာခဲ့သည့်အခိုက်အတန့်​လေးဟာလည်း သူ့လက်ဖဝါးထက်၌တင်၍ အကြိမ်ကြိမ်အခါအခါ ထပ်တလဲလဲ​ရွှေ့ကြည့်​နေမိ​တော့သည်။

ရွှီကျစ်ဟာ ဆံပင်တို့အား ခပ်မြင့်မြင့်​မြှောက်စီးထားပြီး ​ရှေ့ဆံမြိတ်​လေးတချို့မှာ ကြယ်တာယာ​ကောင်းကင်ကြီး​အောက်၌ ပွ​ယောင်း​ယောင်းလွှင့်​နေ​သေးသည်။ အ​ရှေ့ဆုံးတစ်ပုံမှာ အနည်းငယ်ဝါးသလိုရှိပါ​သော်လည်း ထူးဆန်းပွေလီစွာဖြင့်ပံ့ပိုး​ပေးထား​သော မှုန်​ဝေ​ဝေပတ်ဝန်းကျင်​ကြောင့် မည်သည့်အရာကိုမှ ပြုပြင်တည်းဖြတ်​နေစရာမလို​တော့​ချေ။

အ​နောက်ဘက်တွင်ရှိ​သောကောင်းကင်ပြင်ကြီးထက်တွင် တဖျက်ဖျက်​တောက်​ပ​နေသည့်​ကြယ်​ရောင်စုံများ အပြည့်ထွန်းလင်း​​နေပြီး ကြယ်​ရောင်စုံ​ကောင်းကင်ကြီး​အောက်မှ ​ကောင်မ​လေး၏မျက်နှာမှာ ခပ်တည်တည်​လေးဖြစ်​နေပါသည့်တိုင် မျက်ဝန်းများထဲတွင်​တော့ ​တွေ့ရခဲလွန်းလှသည့်​နွေး​ထွေးသိမ်​မွေ့မှုများရှိ​နေခဲ့သည်။

အ​တော်​လေး ဓါတ်ပုံစားသည်​ပေ။ ရွှီကျစ်၏မျက်နှာအစိတ်အပိုင်းနှင့်အချိုးအကျတို့မှာ သိမ်​မွေ့ပြီးကြည်လင်သည့်ဘက်သို့သွားပြီး စူးရှ​နေတတ်သည့်မျက်ဝန်းတစ်စုံမှလွဲလျှင် သူမ၏ရုပ်ရည်သွင်ပြင်ဟာ စိတ်ဆတ်တတ်သည့်အမျိုးအစားထဲတွင်မပါ။ တစ်ချက်ကြည့်ရုံဖြင့် သိမ်​မွေ့ပြီးစကားနား​ထောင်တတ်​သောညီမ​လေးတစ်​ယောက်နှင့်ပင် တူ​နေ​လေသည်ဖြစ်ရာ ကျူးယန်ချီမှ သူမအား 'ညီမ​လေး'ဟုခေါ်​ဝေါ်တတ်​​လေ့ရှိသည်မှာ အဆန်းမဟုတ်​ရတော့​ချေ။

သို့​သော်လည်း သူမဟာ သာမန်ညီမ​လေးများထက် ပို၍မိုက်​နေပြန်ပြီး အရယ်အပြုံးနည်းလှသလို ​ဒေါသထွက်သည်မျိုးလည်းမရှိ။ သူမအ​ပေါ် ​အော်​ငေါက်​နေလျှင်​တောင်မှ မရိပ်မိ ၊ အချိန်တိုင်းလိုလို ခံစားချက်မဲ့​နေတတ်သည့်အမျိုးအစားပင် ဖြစ်​နေ​တော့သည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now