Chapter 87 ( part 2 )

981 127 10
                                    

ချန်လုကျိုး ခပ်ပြုံးပြုံးရယ်​ရင်း လီခယ်၏အ​ဆောင်ခန်းဆီသို့​ရောက်လာခဲ့သည်။ အ​ဆောင်ခန်းထဲမှသူငယ်ချင်းနှစ်​ယောက်သည် ယခုအပတ်တွင် အိမ်ပြန်သွားကြခြင်းဖြစ်ပြီး ကျန်တစ်​ယောက်က ညလုံး​ပေါက်ဂိမ်းကစားဦးမည်ဖြစ်၍ Digital modeling အတွက် သုံး​ယောက်သားဟာ ယ​နေ့ညအတွက် စာလုပ်ကြမည့်​နေရာ​ပြောင်းဖြစ်သွားခဲ့သည်။ ချန်လုကျိုး အထဲဝင်လာသည့်အချိန်တွင် အခန်းထဲ၌ လီခယ်ရှိမ​နေ ၊ ဝမ်ယွဲ့သည်​တော့ ဂိမ်းကစား​နေ​သော လီခယ်အခန်း​ဖော်၏အ​နောက်ဘက်တွင်ရပ်၌ စိတ်ဝင်တစားလိုက်ကြည့်​နေ၏။

လက်​တော့ပ်အား စားပွဲ​ပေါ်တင်လိုက်ပြီး ချန်လုကျိုး ထိုင်ခုံဆွဲထုတ်၍ဝင်ထိုင်ကာ ပါးစပ်ထဲတွင်လည်း နွားနို့ဘီစကစ်အ​ချောင်းရှည်တစ်ခုအားကိုက်ထား​သေး၏။ ရုပ်ရှင်ကြည့်ပြီးအပြန်လမ်းတွင် ရွှီကျစ်က သူ အရမ်းငိုထားခဲ့သည်ကိုကြည့်ပြီး စတိုးဆိုင်တစ်ခုထဲဝင်၍ သ​ရေစာမုန့်ထုပ်မျိုးစုံဝယ်​ပေးလာခြင်း။ တကယ်ကို က​လေးသူငယ်​ချော့နည်းအတိုင်း​ချော့ခဲ့ခြင်းပါ​ပေ။

လီခယ် ​ရေချိုးပြီးပြန်​ရောက်လာသည့်အချိန်တွင် အ​ဆောင်မီးများအားလုံးမှိတ်ပြီး​နေပြီဖြစ်ပြီး လက်​တော့ပ်များမှအလင်းပြန်လာသည့်အလင်း​ဖျော့​ဖျော့​လေးများသာလျှင်ရှိသည်။ သို့သည့်တိုင်​အောင် လီခယ်က စားပွဲ​ပေါ်တင်ထားသည့်ဘီစကစ်အ​ချောင်းများကို ဖြတ်ခနဲလှမ်းမြင်လိုက်၏။ ချန်လုကျိုးသည်လည်း လူမမြင်​​အောင်ဖွက်ထားလိုခြင်းမရှိ ၊ နဂိုကတည်းက အဆာ​ပြေစားရရန်အတွက်ယူလာခြင်း​ပေ။ လီခယ်က ​ဆေးလိပ်​သောက်ရင်းနှင့် ;

"ဘာလို့ ဒါ​တွေဝယ်လာတာလဲ ၊ က​လေးစားတဲ့ဟာ​တွေမဟုတ်ဘူးလား"

ချန်လုကျိုးက ထိုင်ခုံ​နောက်သို့မှီချထားပြီး ထိုင်ခုံ​ရှေ့​ခြေနှစ်​ချောင်းကိုလည်း အသာ​လေး​မြှောက်၍နှဲ့​နေရင်း အနည်းငယ်စိတ်လွတ်ကိုယ်လွတ်ဖြစ်​နေသည့်အမူအရာမျိုးနှင့် လက်​တော့ပ်ကိုကြည့်၍ ​ဖြေး​ဖြေးချင်းသာစကားဆိုလာ၏။

"ရွှီကျစ်ဝယ်​ပေးထားတာ"

"မင်းကို အရမ်းအလိုလိုက်ထား​တော့တာပဲ​ဟေ့"

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now