Chapter 26 ( part 2 )

1K 122 12
                                    

ရွှီကွမ်းကျိသည် ​​ဆေးကုသမှုမှတ်တမ်းတစ်ခုကိုဖွင့်​ပေးလိုက်ပြီး ချန်လုကျိုးအား အရင်ဦးစွာ ​ကုသမှုအတွက် ငွေသွားသွင်းခိုင်း​ချေသည်။ ချန်လုကျိုးလည်း မှတ်တမ်းကဒ်​လေးနှင့်လူနာမှတ်တမ်းဖိုင်ကိုကိုင်ရင်း အပြင်ဘက်သို့​လျှောက်ထွက်လာလိုက်လျှင် ကျူးယန်ချီမှာ ထိုင်ခုံမှအ​ပြေးထလာ၍ ;

"ဆရာဝန်က ဘာ​ပြောလိုက်လဲ ၊ သုံးလို့မရ​တော့ဘူးတဲ့လား"

လူနာမှတ်တမ်းဖိုင်ဖြင့် ကျူးယန်ချီ၏ရင်ဘတ်ထံ ပစ်ရိုက်လိုက်ပြီး စကားတစ်ခွန်းမှမဆို​ဘဲ ​ငွေသွင်းဖို့ရာထွက်လာလိုက်​တော့၏။

ကျူးယန်ချီမှာ မ​နေနိုင်​အောင် အ​နောက်မှလိုက်ရင်း အ​လောတကြီး​မေး​လေ၏။

"ဆရာဝန်က ဘာ​​တွေ​ပြောလိုက်​သေးလဲလို့"

"မသိဘူးကွာ"

ချန်လုကျိုးက ဖွင့်လျက်သားပြတင်း​ပေါက်​လေး,နားသို့​လျှောက်သွားလိုက်ပြီး မှတ်တမ်းကဒ်အားလှမ်း​ပေးလိုက်သည်။ တစ်ဆက်တည်း၌ပင် လက်ကိုင်ဖုန်းကိုထုတ်၍ ​ငွေ​ပေး​ချေဖို့ရာလည်း အသင့်ပြင်ထား၏။

"သုတ်ပိုးအ​ရေအတွက်နဲ့သိပ်သည်းမှုကို စစ်ခိုင်းထားတယ်"

ကျူးယန်ချီမှာ မယုံကြည်နိုင်သည့်ဟန်ဖြင့် ;

"မဟုတ်​သေးဘူး မဟုတ်​သေးပါဘူး ၊ ဆရာဝန်က ဘာမှကိုမ​ပြောလိုက်တာလား"

"ငါ့မိသားစုက ဘာလုပ်ကိုင်ကြတာလဲလို့​မေးတယ် ၊ ပြီး​တော့ ညီအစ်ကို​မောင်နှမ​တွေရှိလားတဲ့"

ချန်လုကျိုးမှာကား အမျိုးသားသီးသန့်အထူးကု​ဌာနကို မဆိုထားနှင့် ၊ ငယ်စဥ်ကတည်းက ဖျားနာ​လေ့သိပ်မရှိ​သော​ကြောင့် ​ဆေးရုံသို့လည်း သုံး​လေးကြိမ်ထက်ပိုမ​ရောက်ဖူး​ပေ။ ထို့​ကြောင့် အနည်းငယ် ​ကြောင်အမ်းအမ်းနှင့်​တွေးဆမရဖြစ်​နေခြင်း။

"ဆရာဝန်က ဒါ​တွေ​မေးတာ ဘာလုပ်ဖို့လို့ မင်းထင်လဲ"

ကျူးယန်ချီ၏​ခေါင်းတစ်လုံးဟာ အဘယ်​​လောက်​တောင်များ ဥာဏ်​ပြေးလိုက်ပါ့ ၊ အ​တွေးတစ်ခုတည်းနှင့်တင် ရုတ်တရက်သ​ဘော​ပေါက်သွားခဲ့၍ ;

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now