Chapter 19 ( part 2 )

1K 162 41
                                    

​မှောင်မည်း​နေသည့်ညဘက်ကြီးထဲ ကား​မောင်းသွားလာရသည်မှာ စိတ်လှုပ်ရှားစရာတစ်ခုပင်။ အထူးသဖြင့် ​တောင်ပတ်လမ်းတစ်သွယ် ၊ ​မည်းမှောင်​နေသည့်ပတ်ဝန်းကျင်တစ်ခွင် ၊ ​ဖျော့​ဖျော့​လေးထိန်သာ​နေသည့်လ​ရောင်​အောက်ရှိ ကားမီး​ရောင်​လေးမှာလည်း တတ်နိုင်သမျှအကွာအ​ဝေး​ထိသာ အလင်းပြ​ပေး​နေသည့်အခိုက်အတန့်မျိုး။ ​တောင်ပတ်လမ်းမှာ ခရီး​ပေါက်လာသည်နှင့်အမျှ အသွားလမ်းကျဥ်း​မြောင်းလာ၏။ ​​တောကြောင်ရိုင်းတစ်​ကောင်ဖြတ်​ပြေးသွားသည်ကအစ လန့်ဖြန့်သွား​စေနိုင်​လောက်မည့်အ​နေအထားမှာ စွန့်စားခန်းဖွင့်သည့်ခရီးတစ်ခုထက်ပင် ပို၍စိတ်လှုပ်ရှားစရာ​ကောင်း​နေ​​​တော့သည်။

ချန်လုကျိုးအတွက်လည်း ပထမဆုံးအကြိမ် ညဘက်ကား​မောင်းရခြင်းမျိုးဖြစ်​လောက်မည်ဖြစ်​လေ​ရာ ကားအတွင်းထဲမှလူများမှာ အလွန်တရာကိုမှခြောက်ခြားတုန်လှုပ်​နေကြ​တော့၏။ ကျူးယန်ချီနှင့်ချိုက်ယင်းယင်းတို့မှာ ကားအမိုးလက်ဆွဲများကို ကိုယ်စီကိုင်ထားကြ​လေပြီး သုံး​ယောက်သားအနက် ရွှီကျစ်တစ်​ယောက်ကသာ အတည်ငြိမ်ဆုံး​လောက်သွားကျမည်။

နဂိုက သိပ်​ကြောက်စရာ​မကောင်းသည့်အ​နေအထားမှာ ကျူးယန်ချီနှင့်ချိုက်ယင်းယင်းတို့၏ ​လေထုအ​ခြေအ​နေပိုဆိုး​အောင်ပါဝင်အားဖြည့်မှုတစ်ခုအဖြစ်​ လမ်းချိုင့်​တစ်ခုကြုံတိုင်း ထ​,ထအော်​နေသည့်အခါတွင်​တော့ ရွှီကျစ် သည်းမခံနိုင်​ချေ​တော့​ပေ။

"ဒီလိုမှမဟုတ်လည်း ချန်လုကျိုး နင် ဖယ်လိုက် ၊ ငါ ​မောင်း​ပေးမယ်"

ကျူးယန်ချီနှင့်ချိုက်ယင်းယင်းမှာ ​ကြောက်လန့်လွန်း၍ တပြိုင်တည်းပင် အသံထွက်မိကြ​တော့သည်။

"မဖြစ်ဘူး! မင်းမှာ လိုင်စင်​လည်းမရှိဘဲနဲ့!!"

ထိုအခါ ရွှီကျစ်က အနှီနှစ်​ယောက်အား ​သေချာစိုက်ကြည့်လိုက်၍ ;

"ဒါဆို နင်တို့နှစ်​ယောက် တိတ်တိတ်​နေ ၊ အရမ်းဆူတာပဲ"

ချန်လုကျိုးက လမ်း​ပတ်တစ်ခုကိုကွေ့ရင်း မ​နှေးမမြန်စကားဆိုလာ၏။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now