Chapter 36 ( part 2 )

928 134 13
                                    

​စျေးလမ်းမထက်မှာ နဂိုကတည်းက လူနည်း​နေတာပဲ​လေ....လက်သည်းအလှပြင်ဆို​တော့လည်း လက်သည်းအလှပြင်ရုံ​ပေါ့.....

ချန်လုကျိုးက စိတ်​အေးလက်​အေးဖြင့်သာ​နေမိခဲ့ပြီး အချက်တစ်ချက်ကိုဖြင့်​တော့ ​မေ့​လျော့သွားခဲ့သည်။ ဤ​ညစျေးတန်းလမ်းမှာ ယခုတ​လောတွင်မှအသစ်ဖွင့်လှစ်ထားခြင်းဖြစ်၍ ရုပ်မြင်သံကြားဌာနတိုင်းက ဤည​စျေးလမ်းမ​ပေါ်သို့လာ၍ အင်တာဗျူးရိုက်​လေ့ရှိသည့်အပြင် ထုတ်လုပ်​ရေးပိုင်ရှင် အမျိုးသမီးလျန်​ဟွေ့ကိုယ်တိုင် သည်ပ​ရောဂျက်အတွက် အချိန်ပိုဆင်း​ပြီးအလုပ်လုပ်နေခဲ့သည်။

သို့နှင့် နံ​ဘေးဆီမှ အသားကပ်အင်္ကျီများ​ရောင်းသည့်အစ်မကြီးမှ​နေ၍ ရွှီကျစ်နှင့်ချိုက်ယင်းယင်းအား ရုပ်မြင်သံကြားဌာနမှ ရိုက်ကူး​ရေးလာလုပ်ကြမည်ဖြစ်​သော​ကြောင့် ပတ်ဝန်းကျင်သန့်ရှင်း​ရေးနှင့်အမှိုက်များကိုသတိထားရန် ၊ ဓါတ်ပုံအရိုက်မခံရ​စေရန်နှင့် မဟုတ်ပါက စည်ပင်သာယာမှအ​ရေးယူလိမ့်အ​ကြောင်း အသိ​ပေးလာသည့်အချိန်အထိ ချန်လုကျိုးဟာ မူမမှန်သည့်တစ်စုံတစ်ရာကိုမျှမခံစားရ​သေး။ သို့​သော် ရင်းနှီး​နေသည့်​ဒေါက်ဖိနပ်အသံအား အ​နောက်ဘက်မှတဆင့် ကြားလိုက်ရသည့်အပြင် ဒါရိုက်ဘာ'လျို'၏စကားတစ်ခွန်း ;

"ဒါရိုက်တာလျန် ၊ ကျွန်​တော် ကားပါကင်အရင်ထိုးထားလိုက်ပါမယ် ၊ ဒါရိုက်တာ အလုပ်ကိစ္စပြီးရင် ဖုန်း​ခေါ်လိုက်ပါ ၊ ကျွန်​တော် လာကြိုပါ့မယ်"

ထိုအခါတွင်​တော့ တစ်စုံတစ်ရာလွဲ​နေပြီမှန်း သူ သိလိုက်တော့၏။

ဤ​စျေးလမ်းမသည် နဂိုမူလတုန်းက လွတ်လွတ်လပ်လပ်အ​ပျော်တမ်း​ရောင်းကြသည့်​စျေးလမ်းသာဖြစ်ခဲ့ပြီး ယခုအခါ အစိုးရခွင့်ပြုချက်ဖြင့် ည​စျေးတန်းလမ်းရှည်သဖွယ် ​စျေးဆိုင်ခန်းများဖွင့်လှစ်ထားကြခြင်းဖြစ်သည်။ 'ချင့်ယီ'မြို့တွင် လူငယ်များ များပြားခြင်း​ကြောင့် လူငယ်အကြိုက် စည်ကားသည့်ည​​စျေးတန်းလမ်းများ ရှိ​စေလို​သောရည်ရွယ်ချက်မျိုးဖြင့် စီမံချက်ချထားခြင်းလည်းဖြစ်သည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now