Chapter 42 ( part 1 )

884 132 5
                                    

ရွှီကျစ်သည် A တက္ကသိုလ်ဝင်ခွင့်အ​နေဖြင့် ​မေဂျာသုံးခုအား ဦးစား​ပေး​လျှောက်ထားခဲ့သည် ; ဗိသုကာ​မေဂျာဌာန ၊ ဥယျာဥ်နှင့်ရှုခင်းဒီဇိုင်း​မေဂျာဌာန ၊ မြို့စီမံကိန်း​ရေးဆွဲခြင်း​မေဂျာဌာန။

ဝင်ခွင့်​လျှောက်လွှာ​တင်သည့်ရက်များအတွင်း ရွှီကျစ်နှင့်​လောင်ရွှီတို့ တစ်ကြိမ်စကားများလိုက်ကြ​သေးသည်။ အ​ကြောင်းမှာ ​လောင်ရွှီက ရွှီကျစ်အား ဖုန်းအသစ်တစ်လုံးဝယ်​ပေးလိုခြင်းဖြစ်ပြီး ရွှီကျစ်မှာကား မဖြစ်မ​နေမလိုအပ်သဖြင့် မလိုချင် ၊ ထိုပိုက်ဆံအား ​နောက်တစ်လ အိမ်ခန်းခ​ပေးရန်အတွက်သာ ချန်ထား​စေချင်သည်။ ​လောင်ရွှီသည်​တော့ သူဟာ အ​ဖေတစ်​ယောက်လို ​အထင်ကြီး​လေးစားခံရခြင်းမရှိသည်ဟု​တွေးထင်ပြီး ​ဆေးလက်စပန်းကန်များကိုချ၍ ရွှီကျစ်အား သင်ခန်းစာ​​ပေး​တော့သည်။

"သမီး ဘာ​တွေး​နေလဲဆိုတာ ​ဖေ​ဖေသိတယ် ၊ သမီးရဲ့အမြင်မှာ ကြိုးစားမှုအတွက်ရလာတဲ့ဆုလာဒ်က အရမ်းကြီးမားလွန်း​တယ်လို့ ထင်​နေတာမလား ၊ ဒါ​ပေမယ့် အမှန်တိုင်း​ပြောရရင် ​ဖေ​ဖေက သမီး စာ​မေးပွဲပြီးသွားကတည်းက ဝယ်​ပေးဖို့စီစဥ်ထားတာ ၊ သမီးရဲ့ဝမ်းကွဲ​မောင်​လေးက ​နောက်လထဲမှာ ​ဖုန်းမော်ဒယ်အသစ်ထွက်မယ်​ပြောလို့သာ ​ဖေ​ဖေ ​စောင့်​နေတာ ၊ ပြီး​တော့ ​ဖေ​ဖေ့သမီးက မြို့နယ်အဆင့်ထိပ်ဆုံးသုံးဆယ်ထဲ​တောင်ပါထားတာကို ဖုန်းအသစ်တစ်လုံးဝယ်ပြီး ဆုချတာ ဘာမှားလို့လဲ ၊ ​ဖေ​ဖေက သမီးကို ဖုန်းအသစ်လဲ​ပေးဦးမယ့်အပြင် လက်​တော့ပ်အသစ်တစ်လုံးပါ ဝယ်​ပေးဦးမှာ ၊ သမီး မယူရင် ​ဖေ​ဖေက ဝမ်းကွဲ​မောင်​လေးကို ​ပေးပစ်လိုက်မှာ​နော် ၊ ဟန်​ဆောင်မ​နေနဲ့​တော့"

ရွှီကျစ်ဟာ အမှန်တကယ်ကိုလည်း လိုချင်လျက်နှင့်ဟန်​ဆောင်​နေခြင်းမဟုတ်။ သူမ၏လက်ကိုင်ဖုန်းက မပျက်စီး​သေးသည့်အပြင် ​ကောင်း​ကောင်းမွန်မွန်အသုံးပြု၍ရ​နေ​သေး​သော​ကြောင့် အသစ်လဲဖို့ရာမလိုအပ်ပါ​ပေ။ သို့​သော် လက်​တော့ပ်တစ်လုံး​တော့ လိုချင်သဖြင့် ;

"သမီးကို လက်​​တော့ပ်ပဲဝယ်​ပေး ၊ ဖုန်းကို​တော့ ဒီတစ်နှစ်ထပ်သုံးလိုက်ဦးမယ် ၊ ​နောက်နှစ်မှပဲ အသစ်လဲ​တော့မယ်"

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now