Chapter 91 ( part 1 )

788 127 7
                                    

​​လှေကားရင်းတွင် အလင်း​ရောင်မရှိသ​လောက်​မှေးမှိန်​နေပြီး မီးရှူးမီးပန်း​ဖောက်သံများ တစ်စစနှင့်တိုးဖျသွားခဲ့ကာ လူနှစ်​ယောက်၏နှလုံးခုန်သံများ ၊ စိတ်ခံစားချက်များကသာ တဖြည်းဖြည်းနှင့်ပြင်းပြပိတ်​လှောင်လာသည့်အချိန်တွင် နှစ်​ယောက်သားဟာ အပြင်ဘက်ဆီမှဆူညံသံများအားလုံးကို အလိုအ​လျောက်လျစ်လျူရှူပစ်လိုက်​ကြရင်း ကိုယ်စီအသက်ရှူ​ငွေ့များကိုသာ ချန်ထားရစ်ကြ​တော့၏။ အသက်ရှူကြပ်​နေသည့်ငါးတစ်​ကောင်အား ပင်လယ်ထဲ ပြန်လွှတ်​ပေးလိုက်သည့်အလား ​တောင့်တမှုအပြည့်နှင့် အချင်းချင်း​ပွေ့ဖက်ထားကြရင်း အသက်ရှူ​ငွေ့များ၊အ​နွေးဓါတ်များဖြင့်သာ ကိုယ်စီ​ထွေးဖက်ခံစား​နေကြသည်။

"နှစ်သစ်ကူးမှာ​ပျော်ရွှင်ပါ​စေ ချန်လုကျိုး"

ရွှီကျစ်က တင်းတင်းကြပ်ကြပ်ပိုတိုးဖက်လိုက်ပြီး မျက်ဝန်းများစိုစွတ်လာရကာ ထူးဆန်းလွန်းလှသည့်ခံစားချက်ကြီးတစ်ခုဟာလည်း နှလုံးသားထက်တင်းလျက်သား။ အချိန်တစ်ခဏအတွင်း မည်သို့တုံ့ပြန်ရမည်မှန်းကိုပင်မသိ​တော့ဘဲ သူ့ရင်ခွင်ထဲသို့တိုးဝင်ရင်း ရင်းနှီးလွန်းသည့်သစ်သားကလျာနီရနံ့သင်းသင်းတို့ကိုသာ တစ်ဝကြီးရှူသွင်းပစ်လိုက်သည်။

​ပြောစရာစကား​ပေါင်းများစွာရှိပါသည့်တိုင် ချန်လုကျိုးမှာ ယ​နေ့ညတွင်​တော့ အချိန်ကြာကြာဆွဲ​နေနိုင်မည်မဟုတ်မှန်းသိသဖြင့် အ​ရေးကြီးသည့်စကားများကိုသာ အရင်​ရွေးထုတ်​ပြောလိုက်၏။ သို့နှင့် ရွှီကျစ်၏​ခေါင်းကို အသာ​လေးပွတ်​ပေးရင်း ;

"ကိုယ်က စကားလှလှ​လေး​တွေ​ သိပ်မ​ပြောတတ်ဘူး ၊ အခုလက်ရှိအချိန် ကိုယ့်ဆီမှာ ဘာမှမရှိမှန်းလည်း ကိုယ်ကိုယ်တိုင်သိ​နေ​တော့ ဘယ်လိုစကားမျိုးကိုပဲ​ပြော​ပြော ​​ပြောင်စာရွက်လက်မှတ်သပ်သပ်ကြီးလိုပဲဖြစ်​နေမှာ....."

သူက ​ခေါင်းကိုငုံ့ကာ သူမ၏နားရွက်ဖျားနား​လေးထိ တိုးကပ်သွားခဲ့ပြီး ;

"ဒါ​​ပေမယ့် ​နောင်ကျရင် ကိုယ်တို့ဆီမှာ ဘာမဆိုအားလုံးရှိလာပါလိမ့်မယ် ၊ ဒီတစ်ချက်အတွက်တော့ မင်း​ကောင်​လေးကို မင်း ယုံကြည်ထားလို့ရတယ်"

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now