Chapter 19 ( part 1 )

1K 144 19
                                    

ချိုက်ယင်းယင်းတစ်​ယောက်မှာ အ​ကြောင်းစုံပြန်ကြားရပြီး​နောက် အိပ်ရာ​ပေါ်လှိမ့်၍ အားရပါးရရယ်​ပါတော့သည်။

"ချန်လုကျိုးက ဘယ်လိုနတ်သား​လေးများလဲမသိဘူး​နော်"

ရွှီကျစ်သည်လည်း ရယ်ချင်​နေသည့်စိတ်ကိုထိန်း၍ ​တောင်တက်ဘွတ်ဖိနပ်ကိုရှာရင်း စကားဆိုလိုက်သည်။

"​နောက်ကျရင် သူ့ကို မူး​အောင်တိုက်ပြီး တစ်ညလုံးဘာ​တွေများ​ပြောမလဲလို့ စမ်းကြည့်ရ​အောင်"

"ကောင်းလိုက်တဲ့အကြံ"

ချိုက်ယင်းယင်းက အနားသို့​မှောက်လျက်သားဖြင့် တိုးကပ်လာပြီး ;

"ဒါ​ပေမယ့် ငါ အရမ်းသိချင်​နေမိတာရှိ​သေးတယ် ၊ နင် ​ပြောကြည့်ကြည့်....ချန်လုကျိုးလို​ယောက်ျား​လေးမျိုးက ဘယ်လိုပုံစံမိန်းက​လေးကို သ​ဘောကျမယ်လို့ထင်လဲ ၊ ငါ သူ့ကို ပထမဆုံး​တွေ့ဖူးတဲ့အချိန်တုန်းကဆိုရင် ဒီ​ကောင်​လေးက ​ဘဝင်မြင့်ပြီး အ​ရောတဝင်လုပ်ဖို့မလွယ်​လောက်ဘူးလို့ထင်ခဲ့တာ ၊ အမှန်တိုင်း​ပြောပြမယ်ကွာ....အစတုန်းက ငါ သူ့ကို နည်းနည်း​လေး​တော့ မ​ကောင်းမြင်မိတယ် ၊ သူ့ကိုယ်သူ အရမ်း​ချောတယ်လို့လည်း မြင်​နေတဲ့အပြင်ကိုမှ မိန်းက​လေး​တွေနဲ့လည်း အ​ရောမဝင်ချင်တဲ့လူလေ ၊ ဒါ​ပေမယ့် အခုချိန်မှာကျတော့ သူက​လေ မိဘ​တွေလက်ထဲမှာ ဖူးဖူးမှုတ်အလိုလိုက်ခံထားရပြီး ကြီးပြင်းလာတဲ့သူမျိုးလို့ ပိုထင်လာမိတယ် ၊ ​​လောကဓံ​ရိုက်ချက်​တွေကို မခံစားဖူး​သေးတဲ့ ကြည်ကြည်လင်လင်အဖြူထည်​လိုမျိုး ၊ စကား​ပြောတဲ့​နေရာမှာ မာနကြီး​နေတာ​လေး​ရော​ပေါ့"

"အတွက်အချက်​တွေ အရမ်း​ကောင်း​နေပါလား​နော် ချိုက်ယင်းယင်း"

ရွှီကျစ်က ​နောက်လှည့်မကြည့်ဘဲ ဆက်၍စကားဆိုလိုက်သည်။

"ကြည့်ပါလား....အပြင်​လေးဘာ​လေးထွက်လည်​လိုက်တော့ စိတ်အ​ခြေအ​နေလည်း​ကောင်းလာပြီမလား ၊ ချန်လုကျိုး​တောင်မှ တိ​ရှောင်းထက် ပိုပြီးစိတ်ဝင်စားစရာ​ကောင်းလာတယ်မလား"

ချိုက်ယင်းယင်း ;

"အဲ့လို​တော့မဟုတ်​သေးဘူး ၊ ငါက အခုချိန်ထိ တိ​ရှောင်းအ​ပေါ်မှာ ခံစားချက်​တွေရှိ​နေ​သေးတုန်းပဲ ၊ အခုချိန်မှာ အသက်ရှင်​နေရတဲ့ဦးတည်ချက်ကလည်း တိ​ရှောင်း ​နောင်တရ​အောင်လုပ်ဖို့ ၊ အဲ့​ကောင်ကို သူ့ကိုယ်သူ ဘယ်​လောက်တုံးအခဲ့​ကြောင်းသိ​အောင် လုပ်​ပေးဖို့! ၊ ဒါ​နဲ့ ငါတို့​လေး​ယောက်က ထူး​တော့ထူးဆန်းကြသား​နော် ၊ နှစ်​ယောက်တစ်တွဲစီ Wechat အ​ကောင့်ယူထားကြတာ"

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now