Chapter 68

1K 187 16
                                    

နိုင်ငံအတွင်းရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့်အ​လျောက် မနက်​ခြောက်နာရီအချိန်တွင်ပင် ကန်တင်းထဲ၌ မနက်စာလာစားကြသည့်လူများမနည်းလှ ၊ ကန်တင်းတံခါးဝကြီးထံမှလည်း အဆက်မပြတ် လူများဝင်လာ​နေကြသည့်အပြင် အထဲ​ရောက်လာကြသည်နှင့် ​ထောင့်ဝိုင်းတစ်​နေရာတွင်ထိုင်​​နေ​သော အစ်ကို​ချော​လေးနှင့်အလှ​လေးတို့တစ်တွဲအား ချက်ချင်းအာရုံစိုက်မိသွားကြသည်။ မ​နေနိုင်​အောင် သက်ပြင်းချမိပြန်သည်မှာလည်း ; A တက္ကသိုလ်က​တော့ တကယ်ကို A တက္ကသိုလ်ပါပဲ ၊ စာသင်ယူဖို့အတွက် အိပ်ရာ​စော​စောထကြတာကထားပါ​တော့ ၊ ရည်းစားထားတဲ့ကိစ္စမှာပါ ဒီ​လောက်ကြီးကြိုးစားကြတယ်လား ၊ အ​စောကြီးထပြီး​တော့​တောင်​လေ.....

ရွှီကျစ်က ချန်လုကျိုး၏စကားကိုမတုံ့ပြန်ဘဲ ​ခေါင်းငုံ့၍ ဟင်းရည်တစ်ဇွန်း​သောက်လိုက်၏။

"အင်း ၊ စကားနှစ်ခွန်းပြောပြီးပြီဆို​တော့ အခုကစပြီး နင် ပါးစပ်ပိတ်ထားလို့ရပြီ"

ချန်လုကျိုးက တကယ်ကို ပါးစပ်ဖွင့်မလာ​တော့ဘဲ ထိုအတိုင်းသာထိုင်၍ ရွှီကျစ်၏ပန်းကန်ထဲမှ ကြက်ဥကို​မေးဆတ်ပြပြီးစားခိုင်း​သည့်အမူအရာမျိုးလုပ်ပြလာသည်။

"နင်ကျ​တော့ နွားနို့ပဲ​သောက်မှာလား"

ရွှီကျစ်က ခပ်တည်တည်ဖြင့်​လှမ်းကြည့်လာ၍ ;

"စကားတစ်ခွန်းထပ်​ပြောခွင့်​ပေးမယ်"

ချန်လုကျိုးမှာ နွားနို့တစ်ငုံ​သောက်လိုက်ရင်း ပြုံးပြုံး​လေးနှင့်စကားဆိုလာ၏။

"ငါ စားခဲ့ပြီးပြီ ၊ မနက်​လေးနာရီကတည်းက လာရပ်စောင့်​နေဖို့အတွက် မင်းအထင်မှာ​ရော ဗိုက်ဆာ​နေရင်​စောင့်​နိုင်မယ်ထင်မိလို့လား ၊ တခြားဟာ​တွေအားလုံးအဆင်​ပြေနိုင်​ပေမယ့် ငါက တကယ်အဆာခံလို့မရဘူး ၊ ဗိုက်ဆာလာတာနဲ့ စကား​ပြောရင်အ​ပေါက်ဆိုးတတ်တယ်"

ချန်လုကျိုးမှာ ​လေးနာရီတွင်လာ​စောင့်နိုင်ဖို့အ​ရေးအတွက် မနက်သုံးနာရီခွဲကတည်းက အိပ်ရာထလာခဲ့ပြီး အခန်း​ဖော်များအ​နှောင့်အယှက်မဖြစ်​စေရန် အဆတစ်ရာ​နှေး​ကွေး၍လှုပ်ရှားရ​သေး၏။ အရင်က​ခြေဖျား​ထောက်၍သွားလာခဲ့ဖူးသမျှပင် ​ခြေဖျား​ထောက်ရသည့်အချိန် ပိုကြာခဲ့ပုံပါ​ပေ။ ယမန်​နေ့ကမှ ​လေယာဥ်ဖြင့်​ရောက်လာခြင်းဖြစ်ပြီး ​ကျောင်းထဲသို့​ရောက်သည်နှင့်လည်း ​ကျောင်းသား​ရေးရာဌာနသို့သွား၍ ​ကျောင်းသားကဒ်ပြုလုပ်ရင်းဖြင့် အချိန်ကုန်သွားခဲ့ရ​သေး၏။ ​ကျောင်းတွင်းကိစ္စများနှင့်စပ်လျဥ်းပြီး​ဆွေး​နွေးလမ်းညွှန်​ပေးသည့်သူမှာ​​တော့ ဘွဲ့လွန်အတန်းမှ စီနီယာအစ်မတစ်​ယောက်ဖြစ်ပြီး အသက်အရွယ်အားဖြင့်လည်းသိပ်မကွာလှ​။ ချန်လုကျိုးမှာ အ​နောက်မှလိုက်သွားရင်း အခြားစီနီယာများနှင့်အတူ အတန်း​ထဲမှကော်မတီအဖွဲ့ဝင်များက ဘတ်စကတ်​​ဘောပြိုင်ပွဲအ​ကြောင်း အစည်းအ​ဝေးလုပ်​နေကြသည့်အချိန်နှင့် ထိပ်တိုက်ကြုံလိုက်ရ​သေးသည်။ ထိုအခါ အရပ်မြင့်မြင့်၊ခန္ဓာကိုယ်​တောင့်​တောင့်၊ရုပ်​ချော​ချော အစ်ကို​ချော​လေးတစ်​ယောက် အထဲဝင်လာမိလိုက်သည်နှင့်တပြိုင်နက် အတန်း​ကော်မတီများ၏အကြည့်တို့ဟာ သူ့ထံသို့ စူးခနဲ​ရောက်ချလာ​လေပြီး အ​သေရရအရှင်ရရ ဘတ်စကတ်​​ဘောအသင်းထဲဝင်ခိုင်း​တော့၏။ ချန်လုကျိုးမှာ အချိန်မဖြုန်းချင်​တော့သည့်အတွက် ​ဝင်ခွင့်လျှောက်လွှာ​ဖြည့်​ပေးလိုက်ရာ သိပ်မကြာခင်ကိုပင် Wechat အ​ကောင့်ထဲသို့ Friend request များရောက်လာခဲ့ပြီး အားလုံးနီးပါးမှာလည်း အတန်း​ကော်မတီအဖွဲ့ဝင်ထဲမှမိန်းက​လေးများပင်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now