Chapter 20 ( part 2 )

1K 141 22
                                    

ရွှီကျစ်က တစ်ဖန်ပြန်လှည့်ပြီး စမ်း​ချောင်း​လေးဘက်သို့သာ မျက်နှာမူလိုက်သည်။ ​​ရေမျက်နှာပြင်ထက်မှ ရေစီးလှိုင်းငယ်​လေးများဟာလည်း သူမ၏လက်ရှိစိတ်အ​ခြေအ​နေနှင့်ပင် တူ​ညီနေသ​ယောင်ရှိ၏။

"ဒါ​ပေမယ့် ငါ့အ​ဖေက သိပ်ပြီး​ထောက်ခံချင်ပုံမရဘူး ၊ မိန်းက​လေး​တွေ ဗိသုကာပညာရှင်လုပ်ရင် အရမ်းပင်ပန်းလိမ့်မယ်လို့ သူ မြင်​နေတာ ၊ ငါ့အ​မေကလည်း ဗိသုကာပညာရှင်ပဲ​လေ....တစ်ခါတစ်​လေကျရင် လုပ်ငန်းခွင်​​နေရာအထိပါ အလုပ်ဆင်းရ​​သေးတယ် ၊ ငါကကျ​တော့ လုပ်ငန်းခွင်​ထဲအလုပ်ဆင်းရတာမျိုးကို အရမ်းသ​ဘောကျတာ ၊ ကိုယ် ​ရေးဆွဲထားတဲ့ဒီဇိုင်းက တကယ့်မြင်ကွင်းတစ်ခုဖြစ်လာတာကို ကြည့်​နေရတာမျိုးက ဘယ်​လောက်​တောင်မှစိတ်​ကျေနပ်စရာ​ကောင်း​နေလိုက်မလဲ ဟုတ်တယ်မလား"

"ဒီမြို့မှာပဲ​နေဖို့စဥ်းစားထားတာက​ရော မင်းအ​ဖေ​ကြောင့်ပဲလား"

ရွှီကျစ်တစ်​ယောက်က အ​ဖေ​ဖြစ်သူအ​ပေါ် အားကိုးတွယ်တာလွန်း​နေမှန်း ချန်လုကျိုး အတိုင်းအတာတစ်ခုထိ ခံစားမိလိုက်ရသည်။

ဤကဲ့သို့​သောစကားများအား ရွှီကျစ်သည် ထန်ရွှီနှင့်ပင် တစ်ကြိမ်တစ်ခါမှမ​ပြောဖြစ်ခဲ့ကြဖူးသည့်တိုင် အဘယ်​ကြောင့်မှန်းမသိ ၊ ယ​နေ့ညတွင်​တော့ ချန်လုကျိုးထံသို့ ပွင့်ပွင့်လင်းလင်း​ပြောပြချင်လာခဲ့သည်။

"အနည်းအများ​တော့ပါတာ​ပေါ့ ၊ ငါက တစ်ဦးတည်း​သောသမီး​လေ ၊ ငါတို့မိသားစု​ဆွေမျိုးက အ​တော်စိတ်ရှုပ်ဖို့​ကောင်းကြတဲ့လူ​တွေ....ငါ့အ​ဖေကလည်း အားနာပြီးမငြင်းပယ်တတ်တဲ့လူစားမျိုး ၊ တစ်ခါကဆို ​ဆွေမျိုးတစ်​ယောက်အတွက် အ​ကြွေးအာမခံသွားလုပ်​ပေးဖူး​သေးတယ် ၊ အဲ့ဒီ​ဆွေမျိုးလည်း​သေ​ရော တင်​နေသမျှအ​ကြွေး​တွေအားလုံးကို သူကချည်းဆပ်ရတာ ၊ ပြီး​တော့ ငါတို့​ရှေ့မှာဆိုရင်လည်း ပိုက်ဆံ​အများကြီးရှိ​ကြောင်းလုပ်ပြရတာကို ကြိုက်​သေးတယ် ၊ လူ​တွေကိုလည်း​ကြောက်တတ်​သေး ၊ သူများနဲ့​လည်း ရန်မဖြစ်တတ်ဘူး ၊ ​ဆိုရှယ်မီဒီယာ​ပေါ် ပို့စ်တင်တာ​တောင်မှမလုပ်ရဲဘူးတဲ့​လေ ၊ ထပ်ပြီး​ပြောရမယ်ဆို အကယ်၍ ငါသာ အခြား​ဒေသ​တစ်ခုခုမှာ​ကျောင်းသွားတက်မယ်ဆိုရင် အမျိုးမျိုး​သောကုန်ကျစရိတ်​တွေက ဒီမြို့မှာ​နေတာထက် ပိုပြီး​တော့များမှာ ၊ အဲ့ဒါ​ကြောင့်မလို့ ငါ့အ​မေ ဆုံးသွားပြီးကတည်းက ဒီအ​တွေးကို​​မေ့ထားလိုက်​တော့တာ ၊ ဒါ​ပေမယ့် အဲ့ဒီ​နေ့က နင်​ ပြောခဲ့တဲ့စကား​တွေ​ကြောင့်​ ငါ အ​တွေးများလာမိတယ် ၊ ငါ ​တွေးကြည့်မိတာက ငါ ပို​ကောင်းတဲ့​ကျောင်းတစ်ခုခုကို ​ရွေးချယ်လိုက်ရမလားလို့​ပေါ့"

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now