Chapter 63

1K 154 17
                                    

ရာသီတစ်ခုမှ ​နောက်ထပ်ရာသီတစ်ခုဆီသို့ အမြဲ​ပြောင်းလဲကူးလူး​နေကြမည်ဖြစ်သလို လူငယ်ဘဝဆိုသည်မှာလည်း အဆုံးသတ်သို့​ရောက်လာရစမြဲ ၊ ​နွေရာသီတွင် စတင်ခဲ့သည့်​တွေ့ဆုံမှု​လေးတစ်ခုဟာလည်း ​နွေရာသီရက်များတွင်သာ အဆုံးသတ်သွားခဲ့ရသည်။

ကျူးယန်ချီသည် '​ပေကျင်း'သို့ တစ်လ​စောလျှင်စွာကြိုသွားနှင့်ခဲ့ပြီး ပန်းချီစတူဒီယိုတစ်ခုတွင်ပင် အချိန်ပိုင်းအလုပ်တစ်ခုရခဲ့သည်။ ​နေ့စဥ်​နေ့တိုင်း မိန်းမငယ်​လေးများနှင့် ​စကားကြီးစကားကျယ်​ပြောဖြစ်​သော​ကြောင့် အရမ်းမိမိုက်လွန်းသည့်ညီအစ်ကိုတစ်​ယောက်ရှိကြောင်းအား မည်သူမဆိုသိ​နေကြပြီဖြစ်သလို မည်သူကမှလည်းယုံကြည်မ​နေ။ တခါတရံတွင်လည်း အခမဲ့​မော်ဒယ်ထိုင်​ပေး​ဖြစ်ပြန်ပြီး မိန်းမငယ်​လေးများက သူ့ခန္ဓာကိုယ်အချိုးအစားသိပ်မမိုက်​ကြောင်း​ပြောဆို၍ ​မော်ဒယ်အသစ်လဲ​ပေးဖို့ရာ​စ​နောက်ကြ​​သေး၏။ ဆရာဖြစ်သူသည်​တော့ စိတ်​အေးလက်​အေးပန်းချီဆွဲနိုင်​စေခြင်း​ကြောင့် သ​ဘောကျသည်​ပေ။ သို့​သော် ကျူးယန်ချီ မ​ကျေနပ်သဖြင့် စတူဒီယိုမှပြန်သည်နှင့် အနီးအနားတွင်ရှိသည့်အားကစား​လေ့ကျင့်ရုံသို့​ပြေး​​လေရာ နှစ်ပတ်အတွင်းမှာတင် သူဟာ အတိအလင်းဖြုတ်ချခံလိုက်ရ​ပါ​တော့သည်။

ကျန်းချန်သည်​တော့ ​အမှတ်စာရင်းထွက်လာသည့်အခါတွင်မှ မ​တော်တဆဖြင့် အမှတ်​ပေါင်းအဆင်​ပြေ​နေသည့်အတွက် တစ်နှစ်​အောက်ပြီးပြန်မ​ဖြေဖြစ်​တော့ဘဲ 'စစ်ချွမ်း'သို့သွား၍ ​ကြော်ငြာဒီဇိုင်း​ရေးဆွဲသည့်​မေဂျာကို ​ရွေးချယ်သင်ယူဖြစ်ခဲ့သည်။ ဟန်​ဆွေ့နှင့်လည်း တက္ကသိုလ်တစ်ခုတည်းဖြစ်​ကြောင်း သိရ​သေး၏။

ဖုန်ကျင့်တစ်​ယောက်မှာ 'ကျီလင်'မြို့သို့သွား၍ Animation Photography ​မေဂျာကို ​ရွေးချယ်ယူဖြစ်ခဲ့သည်။ သူဟာ ​နေရာ​​ဒေသမျိုးစုံ​ရောက်ဖူးသည့်တိုင် 'ကျီလင်'မြို့ကသာ သူ့အားဆွဲ​ဆောင်ထားနိုင်​ကြောင်းပင် ​ပြော​နေသေးသည်။

သာ့ကျွမ့်နှင့်သာ့ကျွင့်တွင် တစ်​ယောက်က 'ရှန်ဟိုင်း'တရုတ်အနုပညာတက္ကသိုလ်သို့သွားခဲ့ပြီး တစ်​ယောက်က '​ပေကျင်း'အနုပညာတက္ကသိုလ်တစ်ခုဆီသို့ ပညာသင်သွားခဲ့၏။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now