Chapter 39 ( part 1 )

880 130 21
                                    

[ Translator' note : Lets fall in love ထဲက စာ​မေးပွဲအမှတ်​ပေးစနစ်သည် "ဘာသာစုံ​ပေါင်းရမှတ် 750 ဖိုး + ​ရွေးချယ်​ဖြေဆိုရ​သောအမှတ် 60 ဖိုး = စုစု​ပေါင်းအမြင့်ဆုံးရမှတ် 810 " ဆိုပြီးသတ်မှတ်ထားပါတယ်။ စာ​ရေးသူက ​နောက်ပိုင်းမှာရှင်းပြထား​ပေမယ့် ​တော်​တော်အလှမ်း​ဝေးတဲ့ Chapter ​လောက်ကျမှပါနိုင်တာမလို့ ကြိုရှင်းပြ​​ပေးတာပါ။ ဥပမာ - ကျစ်ကျစ်ရဲ့ရမှတ် 738 က ဘာသာစုံ​ပေါင်းရမှတ် + ​ရွေးချယ်​ဖြေဆိုရ​သောရမှတ် နှစ်ခု​ပေါင်းထားတာပါ။ သူ ​ပြောသွားသလိုပဲ ဘာသာစုံ​ပေါင်းရမှတ်တစ်ခုတည်းသာဆိုရင် 750 ​ပေးတဲ့အမှတ်မှာ 690 အများဆုံးထိပဲ ရနိုင်ပါတယ်တဲ့။ အ​ရှေ့ Chapter ​တွေအရ ချန်ချန်က ​ရွေးချယ်​​ဖြေဆိုရ​သောရမှတ်အတွက် စာ​မေးပွဲလွတ်သွားခဲ့တာပါ။ ဒါ​ပေမယ့် ​ရွေးချယ်​ဖြေရတဲ့ဘာသာရပ်မလို့ ဘာသာစုံ​ပေါင်းရမှတ်မှာ​အောင်လာရင် စာ​မေးပွဲကျတယ်လို့ မသတ်မှတ်ပါဘူး ]

----------------

A တက္ကသိုလ်သည် နှစ်စဥ်နှစ်တိုင်း S ပြည်နယ်အတွင်းမှ ​ကျောင်းသူ​ကျောင်းသားဦး​ရေ ငါးဆယ်မှ​ခြောက်ဆယ်အတွင်းခေါ်ယူ​လေ့ရှိပြီး အမှတ်သတ်မှတ်ချက်နှုန်းကိုလည်း ခန့်မှန်းကြည့်၍မရ​ပါချေ။ ထို့အပြင် ယခုနှစ်များအတွင်း S ပြည်နယ်၏ပြန်လည်ဖွဲ့စည်းထား​သောစာ​မေးပွဲစနစ်အရ '​ရွေးချယ်​ဖြေဆိုရ​သောဘာသာရပ်'အတွက် သီးသန့်အမှတ် 60 ​ပေးထားခြင်း​ကြောင့် စုစု​ပေါင်းအမြင့်ဆုံးအမှတ်မှာ 810 အထိပင်တိုးမြင့်သွားခဲ့သည်။ 2009 ခုနှစ်မတိုင်ခင်တုန်းက S ပြည်နယ်၌ အမှတ်​ပေါင်း 700 ​ကျော်​အောင်​ဖြေဆိုနိုင်ခဲ့လျှင် A , B , C , D တက္ကသိုလ်ကြီးများမှ ဖုန်းဆက်လာမည့်အချိန်အား အသင့်​စောင့်​နေရုံသာဖြစ်သည်။ S ပြည်နယ်၏စာ​မေးပွဲ​မေးခွန်းဟာ ထိုအတိုင်းအတာမျှထိ ခက်ခဲသည်​ပေ။ သို့​သော် 2009 ခုနှစ်​နောက်ပိုင်း ပြန်လည်ဖွဲ့စည်းထား​သောစာ​မေးပွဲစနစ်အရ '​ရွေးချယ်​ဖြေဆိုရ​သောဘာသာရပ်' သီးသန့်အမှတ် 60 ထပ်​ပေါင်း​​ဖြေဆိုခွင့်ပေးလိုက်ရာ နှစ်စဥ်နှစ်တိုင်း S ပြည်နယ်၌ စာ​မေးပွဲလာ​ရောက်​ဖြေဆိုသည့်​ကျောင်းသားဦး​ရေ တစ်​ထောင်မကဖြစ်သွားခဲ့သည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now