Chapter 51 ( part 1 )

1K 157 17
                                    

ရွှီကျစ်၏စကားတစ်ခွန်းတည်းနှင့်တင် ဟိတ်ကြီးဟန်ကြီးလုပ်​နေသည့်အ​နေအထားအားလုံး ပြိုပျက်သွားခဲ့သည်။ အထူးသဖြင့် မိန်းက​လေးတစ်စုက ဖျက်ခနဲသ​ဘော​ပေါက်သွားကြခြင်း။ ချိုင်ကျင်းကျင်း၏သွင်ပြင်မှာ ဥာဏ်​ကောင်းထက်မြက်သည့်ပုံစံမျိုးဖြစ်ပြီး ချိုင်ကျင်းကျင်းနှင့်ရွှီကျစ်နှစ်​ဦးစလုံးသည် အ​တော်​လေးထက်မြက်လှပသည့်အသွင်မျိုးပိုင်ဆိုင်ထားကြသည့်တိုင် ချိုင်ကျင်းကျင်းမှာကား ပို၍ခက်ထန်ဟန်​ပေါက်သည်။ နှုတ်ခမ်းနီရဲရဲ ၊ မော်ဒယ်တစ်​ယောက်၏အချိုးအစား ၊ မျက်ခုံးတန်းတန်း ၊ မျက်လုံးမြင့်မြင့် ၊ အထက်တန်းဆန်သည့်မျက်နှာထားနှင့်အတူ ဆံပင်တချို့အား နားရွက်​နောက်သို့ညှပ်ထားရင်း ရွှီကျစ်၏စကားတစ်ခွန်းကို လက်မခံဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ခွန်းတုံ့ပြန်လာသည်။

"ငါက​တော့ အဲ့လိုမထင်မိဘူး ၊ နင် ​ပြောတဲ့အမျိုးအစားက ဆင်းရဲတဲ့​ယောက်ျား​တွေကို ရည်ရွယ်တာ​လေ ၊ ချမ်းသာတဲ့​ယောက်ျားတစ်​ယောက်က အသက်ကြီးတဲ့အချိန်မှာ စူပါမားကတ်​ပြေးပြီး ကြက်ဥလု​နေစရာလိုပါ့မလား ၊ အဲ့ဒါ​ကြောင့်မလို့ ​ယောက်ျား​တွေကိုကြည့်ရင် ငါက​တော့ ရင်အုပ်ကိုပဲကြည့်​ရွေးတယ် ၊ ရင်အုပ်ကျယ်ပြီး​တောင့်တင်း​နေရင် ဖက်ထား​ပေးတဲ့အချိန်မှာ စိတ်လုံခြုံတဲ့ခံစားချက်ရလို့"

ရွှီကျစ်က စကားတစ်ခွန်းမှမဆိုဘဲ ချိုင်ကျင်းကျင်းကို စိုက်ကြည့်​နေလိုက်သည်။ စိတ်ထဲ​တွေးမိသည်မှာလည်း အဓိပ္ပါယ်မရှိသည်​တော့မဟုတ်။

တိ​ရှောင်းမှာ နားမလည်နိုင်သည့်အကြည့်မျိုးဖြင့် ချိုင်ကျင်းကျင်းထံလှမ်းကြည့်​နေပြီး သူ့အတွက်ဝင်​ပြော​ပေး​နေမှန်းသိသည့်တိုင်​အောင် စိတ်ထဲမသက်မသာဖြစ်​နေရ၏။

ချိုက်ယင်းယင်းမှ ချက်ချင်းဝင်​ပြောလာသည်။

"ဒါလည်း ​ရွေးချယ်မှု​တွေထဲကတစ်ခုဆို​ပေမယ့် ငါက​တော့ ဦး​နှောက်ပါတဲ့လူ​တွေကိုပဲ သ​ဘောကျတယ် ၊ ငါ့အ​မေက ​ပြောဖူးတယ်.....​ယောက်ျား​တစ်​ယောက် ဦး​နှောက်ပါမပါကြည့်ချင်ရင် သူ့နဖူးကိုကြည့် ၊ နဖူးကျယ်တဲ့လူ​​တွေက ဥာဏ်​ကောင်းဖို့များတယ် ၊ နဖူးကျဥ်း​နေမယ်ဆိုရင်​တော့ ​ငပိန်းမှန်းအသိသာကြီးပဲတဲ့ ၊ ပိန်းတိန်း​နေတဲ့​ယောက်ျား​တွေကို ငါ မကြိုက်တတ်ဘူး"

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now